နည်းပညာ ကုမ္ပဏီ တစ်ခုရဲ့ CEO တစ်ယောက်ဟာ သူ့ရဲ့ Tesla အလိုအလျှောက် မောင်းစနစ်ဟာ ဆန်တာမော်နီကာမှာ ရထားနီးကပ်လာစဉ် ရထားသံလမ်းကို ကားလမ်းထင်ကာ မောင်းဝင်သွားတဲ့အတွက် တုန်လှုပ်သွားခဲ့ပါတယ်။

Tesla's lower prices lead to record global deliveries

ဖြစ်ပုံက ဒီလိုပါ။ Lyu ဟာ မီးပွိုင့်မိနေစဉ်မှာ Full Self-Driving (FSD) Feature ကို အသုံးပြုခဲ့ပါတယ်။ Colorado Avenue ထဲကို ချိုးဝင်ပြီးနောက်မှာ ကားဟာ ရထားသံလမ်းထဲကို မောင်းဝင်သွားပါတယ်။

Tesla lays off more staff in software, engineering, service teams: Report |  Auto - Business Standard

ရထားက သူ့ဆီကို အရှိန်နဲ့ မောင်းနှင်လာပြီး သူဟာ ကွန်ကရစ် အတားအဆီးထဲမှာ ပိတ်မိနေခဲ့ပါတယ်။ နောက်ဆုံးမှာ သူဟာ မီးနီကို ဖြတ်ပြီး ရထားကို ရှောင်ရှားခဲ့ရပါတယ်။ သူ့ရဲ့ တုန်လှုပ်ခြောက်ခြားစရာ အဖြစ်အပျက် ဗီဒီယိုကို X မှာ မျှဝေခဲ့ပြီး ကားကြောင့် သူ သေမလို ဖြစ်ခဲ့ရတယ်လို့ ရေးသားထားပါတယ်။

Lyu က Tesla ရဲ့ Autopilot Mode ကို မေးခွန်းထုတ်နေပြီး ဆော့ဖ်ဝဲကို ပိုမို ကောင်းမွန်ပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။

Ref : Technology Innovatioin