Samsung က ကုမ္ပဏီရဲ့ ပထမဆုံး ၃ ခေါက်ချိုးဖုန်းကို ဖန်တီးနေပြီး Galaxy G Fold လို့ အမည်ပေးထားမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီဖုန်းမှာ 9.96” Main Display ပါလာမယ်လို့ သတင်းထွက်လာပြီး အတွင်းဘက်ကို ခေါက်ချိုးနိုင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ဒီနှစ် တတိယကွာတားမှာ ရောင်းချနိုင်ပြီး Huawei ရဲ့ ၃ ခေါက်ချိုးဖုန်းကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Samsung ဟာ လက်ရှိ Z Fold Series အတိုင်းပဲ Galaxy G Fold လို့ အမည်ပေးထားနိုင်ပါတယ်။ 9.96” Main Display က Galaxy Z Fold 6 ရဲ့ 7.6” ထက်ပိုကြီးသွားမှာ ဖြစ်ပါတယ်။ ခေါက်ချိုးထားရင် 6.54” Display ဖြစ်သွားမှာပါ။ Huawei Mate XT Ultimate လို မဟုတ်ဘဲ အတွင်းဘက်ကို ခေါက်ချိုးတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။
Galaxy G Fold ရဲ့ အလေးချိန်က ၂၉၈ ဂရမ်ဝန်းကျင်ရှိမှာ ဖြစ်ပြီး Huawei Mate XT နဲ့ တူညီပါတဘ်။ ဒါပေမယ့် အတွင်းဘက် ခေါက်ချိုးတဲ့အတွက် Huawei Mate XT ထက် ပိုထူမှာ ဖြစ်ပါတယ်။ ဒီဇိုင်းက မာကျောပါတယ်။
Samsung က Galaxy G Fold အကြောင်းကို တရားဝင် ဘာမှ မပြောသေးပါဘူး။ အဲဒီဖုန်းကို တတိယကွာတားမှာ ရောင်းချနိုင်ပြီး ဈေးနှုန်း အကြောင်း မသိရသေးပါဘူး။
Ref : gsmarena