Apple က ၂၀၂၅ ခုနှစ်အတွက် iPhone အသစ် ကြေညာဖို့ ပြင်ဆင်နေပါတယ်။ Bloomberg ရဲ့ Mark Gurman က iPhone SE 4 ကို နောက်တစ်ပတ်မှာ ကြေညာနိုင်တယ်လို့ ပြောပါတယ်။

အတွင်းသတင်းအရ Apple ဟာ iPhone SE 4 အတွက် မိတ်ဆက်ပွဲ ပြုလုပ်မှာ မဟုတ်ဘဲ မီဒီယာတွေကိုပဲ ကြေညာနိုင်ပါတယ်။ iPhone SE 4 ဟာ တန်ဖိုးနည်း စွမ်းရည်နိမ့် iPhone ဖြစ်ပြီး ဒီလနှောင်းပိုင်းမှာ ရောင်းချနိုင်ပါတယ်။ ဈေးနှုန်းက တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၄၉၉ ဒေါ်လာ ရှိနိုင်ပါတယ်။

SE 4 ဟာ Apple Cellular Modem ပါတဲ့ ပထမဆုံး iPhone ဖြစ်လာမှာ ဖြစ်ပြီး Qualcomm ကို မှီခိုနေရတာ မရှိတော့ပါဘူး။

SE 4 ဟာ 6.1” Super Retina XDR OLED Screen ပါတဲ့ iPhone 14 နဲ့ ဆင်တူနိုင်ပြီး Notch နဲ့ တူညီတဲ့ ခလုတ် ပုံစံ ပါလာနိုင်ပါတယ်။ အနောက်ဘက်မှာ 48MP Main ပါလာမှာ ဖြစ်ပြီး Apple A18 Chipset ထည့်သွင်းထားနိုင်ပါတယ်။ 8GB RAM ပါလာမှာ ဖြစ်ပြီး Apple Intelligence ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ USB-C Port တပ်ဆင်ထားနိုင်ပါတယ်။

Ref : gsmarena