OPPO က ဒီလ ၂၀ ရက်နေ့မှာ Find N5 ကို ကြေညာတော့မှာ ဖြစ်ပြီး ကမ္ဘာ့ အပါးလွှာဆုံး စာအုပ် စတိုင် Foldable စမတ်ဖုန်းလို့ ကြွေးကြော်ထားပါတယ်။ ခေါက်ချိုးရာကို သေးငယ်အောင် ပြုလုပ်ထားပြီး မှန်ကန်တဲ့ Angle မှာ နေရောင် မကျရင် ခေါက်ချိုးရာကို မမြင်နိုင်ပါဘူး။

Oppo Find N5: Oppo confirms official launch date for its next-generation  foldable - NotebookCheck.net News

OPPO က အနက်နဲ့ အဖြူရောင် မော်ဒယ်တွေကို ထုတ်လုပ်ထားမှာ ဖြစ်ပြီး တရုတ်အတွက် သီးသန့်ထုတ်ထားတဲ့ Purple Vegan Leather မော်ဒယ်လည်း ပါလာမှာ ဖြစ်ပါတယ်။ ColorOS မောင်းနှင်ထားမှာ ဖြစ်ပြီး မျက်နှာပြင်ကြီးမားတဲ့ Foldable စမတ်ဖုန်း ဖြစ်တဲ့အတွက် Multitasking Feature တွေကို ကောင်းမွန်အောင် ပြုလုပ်ထားမှာ ဖြစ်ပါတယ်။

Oppo Find N5 Key Features Leaked; Said to Get Snapdragon 8 Elite SoC |  Technology News

Qualcomm ရဲ့ Snapdragon 8 Elite Chip ထည့်သွင်းထားမှာ ဖြစ်ပြီး OPPO Find N5 မှာ IPX6, IPX8 နဲ့ IPX9 ရေစိုခံစံနှုန်းတွေ ပါလာမှာ ဖြစ်ပါတယ်။ ကြိုးမဲ့ အားသွင်း နည်းပညာလည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ နောက်တစ်ပတ် ကြေညာမှာ ဖြစ်ပြီး အမေရိကန်မှာ ရောင်းချမလားဆိုတာ မသိရသေးပါဘူး။ OPPO Find N3 ကို အမေရိကန်မှာ OnePlus Open အမည်နဲ့ ရောင်းချခဲ့ပြီး Find N5 ကိုလည်း အဲဒီအတိုင်း ရောင်းချနိုင်ပါတယ်။

Ref : Tech Explorers