Infinix က စွမ်းရည်သင့် Note 50 Series ကြေညာမယ့်နေ့ကို တရားဝင် အတည်ပြုလိုက်ပါတယ်။ အဲဒီဖုန်းတွေကို အင်ဒိုနီးရှားမှာ မတ်လမှာ ကြေညာမှာ ဖြစ်ပါတယ်။

အတိအကျပြောရရင် မတ်လ ၃ ရက်နေ့မှာ အင်ဒိုနီးရှားမှာ Infinix Note 50 Series ကို ကြေညာမယ်လို့ ကုမ္ပဏီက အင်စတာဂရမ်မှာ အတည်ပြုထားပါတယ်။ အဲဒီ Series မှာ အနည်းဆုံး Note 50 နဲ့ Note 50 Pro Version တွေ ပါလာနိုင်ပါတယ်။ အဲဒီဖုန်းတွေမှာ Infinix AI နည်းပညာ ပါလာမှာ ဖြစ်ပါတယ်။

Infinix Note 50 Series

FCC က သတင်းအချက်အလက်တွေအရ Infinix Note 50 ရဲ့ အထူက ၉ မီလီမီတာ ရှိပြီး NFC, Dual Band WiFi နဲ့ 45W Wired Fast Charging ပါလာမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Exclusive: Infinix Note 50 series will come with DeepSeek R1 integration -  GSMArena.com news

Infinix က Note 50 Series အတွက် Note 50X, Note 50, Note 50 Pro နဲ့ Note 50 Pro+ 5G စတဲ့ မော်ဒယ်များစွာ ထုတ်လုပ်ထားနိုင်ပါတယ်။ ကုမ္ပဏီက ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ မကြာခင်မှာ အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက် အသေးစိတ်ကို သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : Gizmochina