Mercedes က အမေရိကန် အခြေစိုက် Factorial Energy နဲ့ ပူးပေါင်းပြီး EV ကားတွေရဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေးကို တိုးမြှင့်ဖို့၊ အားသွင်းနှုန်း မြန်စေဖို့အတွက် အဆင့်မြင့် Solid-State Battery တွေကို တီထွင်နေပါတယ်။ အဲဒီ Battery တွေကို Mercedes ရဲ့ အနာဂတ်မှာ ထုတ်မယ့် EV ကားတွေမှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။
Factorial ရဲ့ Solstice Battery ကို အရင်နှစ် စက်တင်ဘာလက ပြသခဲ့ပြီး Sulfide အခြေပြု Solid Electrolyte ကို အသုံးပြုထားပါတယ်။ စွမ်းအင်သိုလှောင်နိုင်မှုဟာ 450 Wh/kg အထိ ရှိပြီး လက်ရှိ လစ်သီယမ် အိုင်းယွန်း Battery တွေထက် ၈၀ ရာခိုင်နှုန်း ပိုများပါတယ်။
Mercedes ဟာ ဗြိတိန်မှာ EQS Prototype တွေကို စမ်းသပ်နေပြီး လျှပ်စစ်ကား မောင်းနှင်နိုင်တဲ့ အကွာအဝေးကို မိုင် ၆၂၀ အထိ ရရှိစေပါတယ်။ ဒါဟာ အရင်မျိုးဆက် Battery တွေထက် ၂၅ ရာခိုင်နှုန်း ပိုများလာတာ ဖြစ်ပါတယ်။ Solstice Battery ဟာ သမားရိုးကျ 90 kWh Battery တွေထက် အရွယ်အစား ၃၃ ရာခိုင်နှုန်း ပိုသေးငယ်ပြီး ၄၀ ရာခိုင်နှုန်း ပိုမို ပေါ့ပါးပါတယ်။
Mercedes က ၂၀၃၀ ခုနှစ်မှာ Solid-State Battery တွေကို အများအပြားထုတ်လုပ်ဖို့ ရည်မှန်းထားပြီး အဲဒီ နည်းပညာကို Hyundai , Honda နဲ့ Stellantis တို့ကလည်း ဖန်တီးနေကြပါတယ်။
Ref : Tech Explorers