realme က Neo7x ကို ကြေညာလိုက်ပြီး 6.67” 1080x2400p AMOLED Display ပါပါတယ်။ 120Hz Refresh Rate, 1500 Hz Touch Sampling Rate နဲ့ 2,000 Nit Peak Brightness ထည့်သွင်းထားပါတယ်။
အဲဒီဖုန်းမှာ Snapdragon 6 Gen 4 SoC , 8/12GB RAM နဲ့ 256/512GB Storage ပါပါတယ်။ အနောက်ဘက်မှာ 50MP နဲ့ 2MP ကင်မရာ ၂ လုံး၊ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ထားပါတယ်။ In-display Fingerprint Scanner ၊ စတီရီယို စပီကာနဲ့ 45W Fast Charging ပါတဲ့ 6,000mAh Battery ပါပါတယ်။
IP66/68/69 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး Android 15 အခြေပြု realme UI 6.0 ပါပါတယ်။ 8/256GB ကို ၁၇၉ ဒေါ်လာနဲ့ 12/512GB ကို ၂၂၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
realme Buds Air7 မှာ 52dB Active Noise Canceling ထည့်သွင်းထားပြီး AI Call Noise Reduction ပါတဲ့ မိုက်ကရိုဖုန်း ၆ လုံး ပါပါတယ်။ Battery သက်တမ်းက ANC ဖွင့်ထားရင် ၇ နာရီခွဲနဲ့ ပိတ်ထားရင် ၁၃ နာရီ အသုံးခံပါတယ်။ Case က Battery နဲ့ ပေါင်းရင် ANC ဖွင့်ထားရင် နာရီ ၃၀ နဲ့ ပိတ်ထားရင် ၅၂ နာရီ အသုံးခံပါတယ်။
ရေနဲ့ ချွေးစိုခံနိုင်တဲ့ IP55 စံနှုန်း ပါပြီး 45ms Low-latency Gaming Mode, Bluetooth 5.4 နဲ့ Touch Controls ထည့်ထားပါတယ်။ Device ၂ ခုနဲ့ တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။ တရုတ်မှာ ၄၁ ဒေါ်လာ သတ်မှတ်ထားပြီး Dawn Gold, Orchid Purple နဲ့ Verdant Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။
Ref : gsmarena