Lenovo က တရုတ်မှာ Yoga Air X AI Yuanqi Edition ကို ကြေညာလိုက်ပြီး Under-display ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး Laptop ဖြစ်ပါတယ်။ အဲဒီ Laptop ကို CES မှာ Yoga Slim 9i အမည်နဲ့ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Bezel-less ဒီဇိုင်း ဖြစ်ပါတယ်။ Screen-to-body Ratio က ၉၈ ရာခိုင်နှုန်းတောင် ရှိပါတယ်။
Laptop မှာ 14” 4K OLED Touchscreen တပ်ဆင်ထားပြီး 120Hz Refresh Rate ပါပါတယ်။ DisplayHDR True Black 600 Certification , Dolby Vision , Adobe RGB Color Gamuts နဲ့ sRGB 100% ထည့်သွင်းထားပါတယ်။
Lenovo Yoga Air X မှာ Intel Core Ultra 7 258V Processor, 32GB LPDDR5X RAM နဲ့ 1TB PCIe Gen 4 SSD ပါပါတယ်။ Processor က AI အလုပ်တွေနဲ့ Graphics Performance ကို တိုးတက်စေပါတယ်။ Adobe Premiere Pro နဲ့ After Effects လို App တွေသုံးရင် GPU ကို မြှင့်တင်ပေးပါတယ်။
အလွန်ပါးလွှာ ပေါ့ပါးတဲ့ ဒီဇိုင်း ဖြစ်ပြီး အလေးချိန် ၁.၂၃ ကီလိုဂရမ်နဲ့ အထူက ၁၄.၅၅ မီလီမီတာပဲ ရှိပါတယ်။ 75Wh Battery က ဗီဒီယိုကြည့်ရင် ၁၇ နာရီ အသုံးခံပြီး 100W Fast Charging ပါပါတယ်။
32MP Under-display Webcam တပ်ဆင်ထားပြီး Full-screen Experience ကို ရရှိပါတယ်။ Video Call ပြောရင်လည်း အရည်အသွေး မြင့်မားပါတယ်။ အသံကြည်လင်ပြတ်သားဖို့ 3D Noise Reduction ထည့်ထားပါတယ်။
Lenovo Yoga Air X Yuanqi Edition (32GB RAM/1TB SSD) ကို ၁၄,၉၉၉ ယွမ် (၂,၀၆၉ ဒေါ်လာ) သတ်မှတ်ထားပါတယ်။
Ref : Gizmochina