UBTech ရဲ့ Walker S1 လူတူစက်ရုပ်တွေဟာ တရုတ်က Zeekr ရဲ့ EV ကားစက်ရုံမှာ အလုပ်တွေ လုပ်နေကြပါတယ်။
အဲဒီ စက်ရုပ်တွေမှာ BrainNet နည်းပညာ ထည့်သွင်းထားပြီး Cloud နဲ့ ချိတ်ဆက်ထားပါတယ်။ အဲဒီ စက်ရုပ်တွေဟာ 5G စမတ် ကား စက်ရုံမှာ လူသားတွေနဲ့ အတူတကွ အလုပ်လုပ်နေကြပါတယ်။
UBTech က Zeekr ရဲ့ EV ကားစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ လူတူ စက်ရုပ် အရေအတွက်ကို မပြောပေမယ့် ထွက်ပေါ်လာတဲ့ ဓါတ်ပုံအရ Walker S1 စက်ရုပ် ၂၀ ခန့်ဟာ အလုပ်လုပ်နေတာကို တွေ့မြင်ရပါတယ်။
Walker S1 စက်ရုပ်ဟာ အရပ်အမြင့် ၁.၇ မီတာ ရှိပြီး အလေးချိန်က ၇၆ ကီလိုဂရမ် ရှိပါတယ်။ ကား ပစ္စည်းတွေ တပ်ဆင်တာ၊ အရည်အသွေး ထိန်းချုပ်တာနဲ့ ကားတံခါး တပ်ဆင်တာတွေ အပါအဝင် အလုပ်မျိုးစုံကို ပြုလုပ်နိုင်ကြပါတယ်။
စက်ရုပ်နည်းပညာဟာ တော်တော် တိုးတက်လာပြီ ဖြစ်ပြီး လူသားတွေကို အကျိုးများစွာ ပြုလာနိုင်ကြပြီ ဖြစ်ပါတယ်။ တရုတ်ရဲ့ လူတူစက်ရုပ် နည်းပညာဟာလည်း တော်တော် တိုးတက်နေပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာလည်း လုပ်ကိုင်လာနိုင်ကြပြီ ဖြစ်ပါတယ်။
Ref : Technology Innovation