ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး အီလွန်မတ်စ် တစ်ယောက် ယူကေနိုင်ငံကြီးကိုများ တကယ် ဝယ်တော့မလားဆိုပြီး လူမှုကွန်ရက်မှာ ပွဲဆူသွားပါတယ်။ သရော်စာတွေ ရေးလေ့ရှိတဲ့ The Babylon Bee ဝက်ဘ်ဆိုက်ကနေ အီလွန်မတ်စ်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရဖို့ ဗြိတိန်ကို ဝယ်ယူလိုက်ပြီလို့ နောက်ပြောင်ရေးသားခဲ့ရာကနေ စတင်ခဲ့တာပါ။ အဲဒီပို့စ်ကို မတ်စ်ကိုယ်တိုင်က “ဘယ်လောက်ကျလဲ” ဆိုပြီး သူ့ရဲ့ X ပလက်ဖောင်းကနေ ဝင်ရောက် မှတ်ချက်ပေးခဲ့ပါတယ်။

An activist group plastered North London with anti‑Elon Musk posters ahead of the SpaceX IPO.

ဒီမှတ်ချက်လေး တစ်ကြောင်းတည်းနဲ့ ဘာကြောင့် ဒီလောက် ဟိုးလေးတကျော် ဖြစ်သွားရသလဲဆိုတော့ အတိတ်က သမိုင်းကြောင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း Twitter ကို ဝယ်ဖို့ လူတစ်ယောက်က နောက်ပြောင်အကြံပေးခဲ့ချိန်မှာ သူက အခုလိုပဲ “ဘယ်လောက်ကျလဲ” လို့ မေးခဲ့ဖူးပါတယ်။ အဲဒီနောက် ၅ နှစ်ဝန်းကျင်အကြာ ၂၀၂၂ ခုနှစ်မှာတော့ တကယ်ပဲ Twitter ကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး X လို့ နာမည်ပြောင်းခဲ့တာကို အားလုံးအသိပဲ ဖြစ်ပါတယ်။ အခုလည်း သူက ဗြိတိန်ကို ပိုင်စိုးထားတဲ့ ပုံစံမျိုး AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုတစ်ခုကို ထပ်မံမျှဝေပြီး ပရိသတ်တွေကို ထပ်မံနောက်ပြောင်ထားပါသေးတယ်။

Elon Musk Posts Viral AI Video Showing How He Bought the UK After Satirical Meme | IBTimes UK

ဒါပေမယ့်လည်း တကယ့် လက်တွေ့မှာတော့ အီလွန်မတ်စ် အနေနဲ့ ယူကေကို ဝယ်ယူဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ အထောက်အထား ဘာတစ်ခုမှ မရှိပါဘူး။

မူရင်းသတင်းကလည်း သရော်စာသက်သက်သာဖြစ်ပြီး မတ်စ်ရဲ့ တုံ့ပြန်မှုဟာလည်း ပရိသတ်တွေ စိတ်ဝင်စားအောင် နောက်ပြောင်လိုက်တဲ့ အပြက်အချော်တစ်ခုသာ ဖြစ်ပါတယ်။

Ref : Technology Innovation