vivo Y29s ဟာ Y29 Series ရဲ့ တတိယမြောက် ဖုန်း ဖြစ်လာပါတယ်။ မကြာခင်က ကြေညာခဲ့တဲ့ vivo Y04 နဲ့ ဒီဇိုင်း တူညီပေမယ့် Specs တွေကို အဆင့်မြှင့်ထားပါတယ်။ 5G ဆက်သွယ်မှု ရတဲ့ Dimensity 6300 Chipset ထည့်သွင်းထားပြီး 8GB RAM , 256GB Storage ပါလာပါတယ်။

vivo Y29s 5G announced with Dimensity 6300 and familiar design

Y29s မှာ Android 15 အခြေပြု Funtouch OS 15 ထည့်သွင်းထားပြီး Y04 မှာတော့ Android 14 အခြေပြု Funtouch OS 14 ပဲ ပါလာတာပါ။ အနောက်ဘက်မှာ 50MP Main ကင်မရာနဲ့ VGA Auxiliary Lens တပ်ဆင်ထားပါတယ်။

vivo Y29s 5G announced with Dimensity 6300 and familiar design

ကျန်တဲ့ Specs တွေက Y04 နဲ့ တူညီပြီး 6.74” LCD HD+ 90Hz Display , 5,500mAh Battery , 15W Charging နဲ့ IP64 Rating ပါပါတယ်။

vivo Y29s အတွက် Titanium Gold နဲ့ Jade Green ၂ ရောင်ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ မကြာခင်မှာ vivo က ကြေညာနိုင်ပါတယ်။

Ref : gsmarena