Tesla ဟာ ၂၀၂၅ ခုနှစ်မှာ ကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရပြီး ဒီနှစ် ပထမ ၂ လမှာ ကားရောင်းအားဟာ စပိန်မှာ ၇၅.၄ ရာခိုင်နှုန်းနဲ့ နော်ဝေးမှာ ၄၈ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။
ကမ္ဘာ့ EV ကားဈေးကွက်ဟာ ရုန်းကန်နေရပါတယ်။ Tesla CEO Elon Musk ရဲ့ နိုင်ငံရေး အမြင်တွေကို ဆန့်ကျင်တဲ့ #BoycottTesla လှုပ်ရှားမှုကြောင့် Tesla ဟာ တော်တော်အထိနာနေပါတယ်။ Tesla ရဲ့ ကားပြခန်းတွေမှာ ဆန္ဒပြမှုတွေ ပြုလုပ်နေကြပြီး စစ်တမ်းအရ ကားဝယ်ယူသူတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ Elon Musk ကြောင့် Tesla ကားတွေကို မဝယ်ယူကြဘူးလို့ သိရပါတယ်။
Tesla ရဲ့ စတော့ရှယ်ယာဈေးနှုန်းဟာ ၂၆၆.၉၉၉ ဒေါ်လာအထိ ကျဆင်းသွားပြီး ပြီးခဲ့တဲ့ တစ်လအကြာက ၃၈၉.၀၀၅၉ ဒေါ်လာထက် အများကြီး ကျဆင်းသွားပါတယ်။
Tesla စတော့ ဈေးနှုန်း ကျဆင်းမှုကြောင့် Elon Musk ဟာ ဒီနှစ်အတွင်း ဒေါ်လာ ၁၀၂ ဘီလီယမ် ဆုံးရှုံးသွားပါတယ်။ ဒါပေမယ့်လည်း သူဟာ ကမ္ဘာ့ အချမ်းသာဆုံး နေရာကို ဆက်လက် ပိုင်ဆိုင်ထားပါတယ်။ Bloomberg ရဲ့ ဘီလီယမ်နာ အညွှန်းကိန်း အရ Musk ရဲ့ ပိုင်ဆိုင်မှုဟာ ၁၀ ပတ်အတွင်း ၂၄ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဒေါ်လာ ၃၃၀ ဘီလီယမ် ပိုင်ဆိုင်ထားပါတယ်။ Tesla စတော့ဈေးနှုန်း ကျဆင်းမှုဟာ အဓိက အချက် ဖြစ်ပါတယ်။
Ref: Tech Explorers