vivo V50 Lite 4G ရဲ့ သတင်းအချက်အလက်တွေ ပြီးခဲ့တဲ့တစ်ပတ်က ပေါက်ကြားထွက်ပေါ်ခဲ့ပြီး အခုတော့ တူရကီရဲ့ vivo အွန်လိုင်းစတိုးမှာ တင်ထားပါတယ်။
ပေါက်ကြားသတင်းတွေအတိုင်းပဲ vivo V50 Lite 4G မှာ 6.77” AMOLED FHD+ 120Hz Display တပ်ဆင်ထားပြီး Punch Hole မှာ 32MP အရှေ့ ကင်မရာ ပါလာပါတယ်။ IP65 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး စစ်တပ်အဆင့် MIL-STD-810H ပါတဲ့အတွက် အမြင့်က ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်ပါတယ်။
V50 Lite 4G မှာ Qualcomm Snapdragon 685 Chipset ထည့်ထားပြီး 8GB RAM နဲ့ 256GB Storage ပါလာပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Bokeh ကင်မရာ တပ်ဆင်ထားပါတယ်။
Android 15 အခြေပြု Funtouch OS 15 မောင်းနှင်ထားပြီး Battery က 6,500mAh နဲ့ 90W Wired Charging ပါလာပါတယ်။
vivo V50 Lite 4G အတွက် Gold နဲ့ Black ၂ ရောင် ထုတ်လုပ်ထားပါတယ်။ 8/256GB Version ကို ၅၁၈ ဒေါ်လာ သတ်မှတ်ထားပြီး TWS နားကြပ်လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။
Ref : gsmarena