မျက်မမြင်တွေ တခြားလူတွေရဲ့ အကူအညီ မလိုဘဲ လမ်းလျှောက်နိုင်တယ်ဆိုရင် တော်တော် ကောင်းမှာပါ။ ဒီနေ့ခေတ်မှာ AI ကြောင့် မျက်မမြင်တွေ တခြားလူတွေရဲ့ အကူအညီ မလိုဘဲ လမ်းလျှောက်နိုင်ပါပြီ။
တရုတ် သုတေသနပညာရှင်တွေက ဗီဒီယို၊ တုန်ခါမှုနဲ့အသံလမ်းညွှန်ချက်တွေကို အသုံးပြုပြီး မျက်မမြင်တွေ လမ်းလျှောက်နိုင်တဲ့ Wearable AI Device သို့မဟုတ် AI မျက်မှန်ကို တီထွင်လိုက်ပါတယ်။
အဲဒီ နည်းပညာကို Shanghai Jiao Tong တက္ကသိုလ်က တီထွင်လိုက်တာ ဖြစ်ပြီး Wearable AI Device ဟာ ဝတ်ဆင်ရတာ သက်တောင့်သက်သာ ရှိအောင် ဖန်တီးထားပါတယ်။ အဲဒီ နည်းပညာမှာ ကင်မရာ ၁ လုံးကို အသုံးပြုထားပြီး AI Device က မျက်မမြင်တွေ လမ်းလျှောက်နိုင်အောင် အသံနဲ့ လမ်းညွှန်ပေးပါတယ်။ အဲဒီ နည်းပညာကို အမြင်အာရုံ အားနည်းတဲ့ လူ ၂၀ နဲ့ စမ်းသပ်ပြီးပြီ ဖြစ်ပြီး မိနစ် ၂၀ အတွင်းမှာ တခြားလူရဲ့ အကူအညီ မလိုဘဲ လမ်းလျှောက်နိုင်တာကို တွေ့ရပါတယ်။
ပညာရှင်တွေက Outdoor မှာ အလုပ်လုပ်ပြီး အရာဝတ္တုတွေကို ပိုမို သိနားလည်တဲ့ မော်ဒယ်ကို အနာဂတ်မှာ တီထွင်ဖန်တီးမှာ ဖြစ်ပါတယ်။ အမြင်အာရုံ မကောင်းသူတွေအတွက် ဒီနည်းပညာက တော်တော် အသုံးဝင်မှာ ဖြစ်ပါတယ်။
Ref : Tech Explorers