Infinix က Note 50s 5G+ ကို ကြေညာလိုက်ပြီး ထူးခြားတာက မွှေးရနံ့ ထုတ်လွှင့်ပေးနိုင်တဲ့ အနောက် Panel တပ်ဆင်ထားတာပါ။

Infinix launches Note 50s 5G+ with scent-infused back panel

အဲဒီဖုန်းမှာ စွမ်းရည်သင့် Dimensity 7300 Chipset ထည့်သွင်းထားပါတယ်။ 6.78” AMOLED Full HD+ Display သုံးထားပြီး 144Hz Refresh Rate, 1,300 Nits Peak Brightness ပါလာပါတယ်။ Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ အနောက်ဘက်မှာ 64MP Main , 2MP အပိုကင်မရာ တပ်ဆင်ထားပြီး LED Flash ၂ လုံး ပါပါတယ်။

Infinix launches Note 50s 5G+ with scent-infused back panel

အဲဒီဖုန်းရဲ့ အဓိက စွဲဆောင်မှုက မွှေးရနံ့ထုတ်လွှင့်ပေးတဲ့ အနောက် Panel ပါလာတာဖြစ်ပြီး Infinix က “Energizing Scent-Tech” လို့ ပြောပါတယ်။ Marine Drift Blue အရောင်တစ်ခုထဲမှာပဲ ထည့်သွင်းထားတာ ဖြစ်ပြီး အနောက်ဘက်က သားရေအတု ဖြစ်ပါတယ်။ ဖုန်း အသုံးပြုပုံနဲ့ ပတ်ဝန်းကျင် အနေအထားအလိုက် မွှေးရနံ့ကို ထုတ်လွှင့်ပေးတာ ဖြစ်ပါတယ်။

Software အကြောင်းပြောရရင် Android 15 အခြေပြု XOS 15 ထည့်သွင်းထားပါတယ်။ 45W Charging ထောက်ပံ့တဲ့ 5,500mAh Battery ပါလာပြီး 10W Reverse Wired Charging နဲ့ တခြားဖုန်းတွေကို အားသွင်းပေးနိုင်ပါတယ်။

Marine Drift Blue , Titanium Gray နဲ့ Burgundy Red အရောင်ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၁၉၀ ဒေါ်လာနဲ့ 8/256GB ကို ၂၁၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၂၄ ရက်မှာ အိန္ဒိယမှာ ရောင်းချမှာပါ။

Ref : gsmarena