မကြာခင်က iPhone 17 Air ရဲ့ ဗီဒီယို ထွက်ပေါ်လာပြီး အလွန်းပါးလွှာတာကို တွေ့ခဲ့ရပါတယ်။ အထူက ၅.၆၅ မီလီမီတာပဲ ရှိပါတယ်။ အခုတော့ နောက်ထပ် ဓါတ်ပုံတွေ ထွက်လာပြီး Air ကို တခြား iPhone 17 Series တွေနဲ့အတူ နှိုင်းယှဉ်ပြထားပါတယ်။ ဘယ်အလုံးက Air ဆိုတာ ထင်ထင်ရှားရှား သိမြင်နိုင်ပါတယ်။

Air ဟာ အလွန်ပါးလွှာတဲ့အတွက် ဘက်ထရီကတော့ သေးငယ်မယ်လို့ ထင်ရပါတယ်။ ဒါဟာ မထူးဆန်းပါဘူး။ အနောက်ဘက်မှာ ကင်မရာ ၁ လုံးထဲ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က iPhone 17 Air မှာ 12GB RAM ပါလာမှာ ဖြစ်ပြီး iPhone 17 Pro , 17 Pro Max နဲ့ တူညီမယ်လို့ ပြောပါတယ်။

အရင်ကတော့ Pro Max မှာပဲ 12GB RAM ထည့်ထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် Apple က ပြန်လည်စဉ်းစားထားတဲ့ပုံရပါတယ်။ iPhone 17 မှာလည်း 12GB RAM ပါလာနိုင်ပါတယ်။ Apple ဟာ iPhone 17 Series အတွက် နောက်ဆုံးဆုံးဖြတ်ချက်ကို နောက်လမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

iPhone 17 မှာ 8GB RAM ပဲ ပါလာမယ်ဆိုရင်တောင် iPhone 18 Series အားလုံးမှာ 12GB RAM ထည့်သွင်းထားနိုင်ပါတယ်။ Kuo က Apple ဟာ စမတ်ဖုန်း ဈေးကွက်မှာ ယှဉ်ပြိုင်ဖို့ iPhone တွေမှာ RAM ပိုထည့်ပေးမယ်လို့ ပြောပါတယ်။

ref: Gsmarena