Jetson ကို ပူးတွဲ တည်ထောင်ထားတဲ့ Tomasz Patan က Volonaut Airbike အမည်ရ ဂျက်အင်ဂျင်နဲ့ မောင်းနှင်တဲ့ မိုးပျံမော်တော်ဆိုင်ကယ်ကို တီထွင်လိုက်ပါတယ်။ မိုးပေါ်ပျံဖို့အတွက် ပန်ကာတွေကို မသုံးဘဲ ဂျက်အင်ဂျင်ကို အသုံးပြုထားတာ ဖြစ်ပြီး အမြန်ဆုံး အနေနဲ့ တစ်နာရီကို ၂၀၀ ကီလိုမီတာ (တစ်နာရီကို ၁၂၄ မိုင်) မောင်းနှင်ပါတယ်။

Volonaut Airbike 'superbike of the skies' teased : : FLYER

ကာဘွန်ဖိုက်ဘာ၊ 3D Printed အစိတ်အပိုင်းတွေနဲ့ တည်ဆောက်ထားပြီး Airbike ဟာ အလွန် ပေါ့ပါးပါတယ်။ သာမာန် မော်တော်ဆိုင်ကယ်တွေထက် ၇ ဆလောက်ပေါ့ပါးပါတယ်။ စီးသူက မော်တော်ဆိုင်ကယ် စတိုင် ထိုင်ခုံမှာ ထိုင်စီးရမှာ ဖြစ်ပြီး ၃၆၀ ဒီဂရီ မြင်ကွင်းကျယ်ကို တွေ့မြင်နိုင်ပါတယ်။ ကွန်ပြူတာ စနစ်က မော်တော်ဆိုင်ကယ်ကို ဟန်ချက်ညီအောင်ထိန်းညှိပေးနိုင်ပါတယ်။

volonaut airbike, the flying superbike, flies for the first time

ဂျက်အင်ဂျင်ကြောင့် ဆူညံပေမယ့် ပန်ကာတွေ မရှိတဲ့အတွက် အန္တရာယ်ကင်းစေပါတယ်။ Airbike ဟာ လက်ရှိမှာ နမူနာမော်ဒယ် အဆင့်ပဲ ရှိသေးပြီး မရောင်းချသေးပါဘူး။ မိုးပျံမော်တော်ဆိုင်ကယ်ကို အစောပိုင်း စမ်းသပ်မောင်းနှင်ထားတဲ့ ဗီဒီယိုတွေကို ကြည့်ပြီး လူတွေက ဒီဇိုင်း ဆန်းသစ်မှုနဲ့ အရွယ်အစား သေးငယ်မှုကို သဘောကျနေကြပါတယ်။

Volonaut က မိုးပျံမော်တော်ဆိုင်ကယ်တွေဟာ အနာဂတ်မှာ ခေတ်စားလာမှာ ဖြစ်ပြီး မြို့တွင်းမှာ ခရီးသွားဖို့ အလွန် အသုံးဝင်မယ်လို့ ပြောပါတယ်။

Ref: Tech Explorers