Facebook နဲ့ Meta CEO ဖြစ်တဲ့ ဇူဇူက အပျော်စီးသင်္ဘော နောက်တစ်စီးကို ဝယ်ယူလိုက်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ သူဟာ ၁၁၈ မီတာရှည်တဲ့ အပျော်စီးသင်္ဘော Launchpad နဲ့ Wingman ကို ဝယ်ယူခဲ့ပြီး စုစုပေါင်း တန်ဖိုးက ဒေါ်လာ သန်း ၃၃၀ ရှိပါတယ်။

It's Mark Zuckerberg's turn to have a hot yacht summer

အခုတော့ သူက တတိယမြောက် အပျော်စီး သင်္ဘော ဖြစ်တဲ့ U-81 ကို ဝယ်ယူလိုက်ပြီး Damen က တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီ သင်္ဘောကို ယခင်က ဘီလီယမ်နာ Graeme Hart က ပိုင်ဆိုင်တာ ဖြစ်ပြီး ဒေါ်လာ သန်း ၁၀၀ တန်ကြေးရှိပါတယ်။ သင်္ဘောမှာ ဟယ်လီကော်ပတာ ဆင်းတဲ့ ကွင်း ပါရှိပြီး သင်္ဘောပေါ်ကို ဟယ်လီကော်ပတာနဲ့ ဆင်းသက်နိုင်ပါတယ်။ ဧည့်သည် ၈ ယောက်ကို ဧည့်ခံနိုင်တဲ့ ဧည့်ခန်း ပါရှိပြီး သင်္ဘောဝန်ထမ်း ၂၆ ယောက်လိုက်ပါနိုင်ပါတယ်။

Mark Zuckerberg Turns 40, Is This Yacht His Gift to Himself? | Entrepreneur

ဇူဇူ ပိုင်ဆိုင်တဲ့ အပျော်စီး သင်္ဘောတွေရဲ့ စုစုပေါင်း တန်ဖိုးဟာ ဒေါ်လာ သန်း ၄၃၀ ဝန်းကျင် ဖြစ်လာပါတယ်။ သူဟာ ကမ္ဘာ့ အချမ်းသာဆုံး အပျော်စီး သင်္ဘောပိုင်ရှင်တွေထဲက တစ်ယောက် ဖြစ်လာပါတယ်။

Ref : Tech Explorers