တရုတ်နိုင်ငံ၊ ရှန်ရှီးပြည်နယ်၊ ရှီအန်းမြို့တွင် တည်ဆောက်ထားသည့် ကမ္ဘာ့အကြီးဆုံး လေသန့်စင်စက်ကြီးများထဲမှ တစ်ခုသည် မြို့တော်၏ ဆိုးရွားသော လေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ထားပါတယ်။
မီတာ ၁၀၀ ခန့် မြင့်မားသော အဆိုပါ လေသန့်စင်မျှော်စင်ကြီးသည် ညစ်ညမ်းသောလေထုကို ၎င်း၏အောက်ခြေရှိ ဖန်လုံအိမ်များအတွင်းသို့ ဆွဲသွင်းပြီး နေရောင်ခြည်စွမ်းအင်ဖြင့် အပူပေး၍ အထက်သို့ တက်စေပါတယ်။ ထိုသို့တက်လာသော လေသည် မျှော်စင်အတွင်းရှိ အဆင့်ဆင့်သော စစ်ထုတ်လွှာများကို ဖြတ်သန်းကာ သန့်စင်ပြီးနောက် ပတ်ဝန်းကျင်လေထုထဲသို့ ပြန်လည်ထုတ်လွှတ်ပါတယ်။
အဆိုပါမျှော်စင်သည် နေ့စဉ် သန့်စင်သောလေ ကုဗမီတာ ၁၀ သန်းကျော် ထုတ်လုပ်ပေးနိုင်ပြီး မြို့တော်၏ ၁၀ စတုရန်းကီလိုမီတာဧရိယာအတွင်း မြူခိုးများ သိသိသာသာ လျော့နည်းသွားစေကြောင်း သတင်းများအရ သိရပါတယ်။
ဤစီမံကိန်းသည် အားတက်ဖွယ်ရလဒ်များ ပြသနေသော်လည်း ၎င်း၏ရေရှည်အကျိုးသက်ရောက်မှုနှင့် ပိုမိုကျယ်ပြန့်စွာ အသုံးချနိုင်ခြေတို့ကို အကဲဖြတ်ရန် ဆက်လက်လေ့လာမှုများ လိုအပ်နေသေးကြောင်း သိရှိရပါတယ်။
Ref : Engineering and Science