Infinix က Smart 10 Plus ကို မလေးရှားမှာ တရားဝင် မိတ်ဆက်လိုက်ပါပြီ။ နာမည်အတိုင်းပါပဲ၊ Plus မော်ဒယ်က Smart 10 နဲ့ Smart 10 HD ဖုန်း တွေ ပါဝင်တဲ့ Smart 10 စီးရီးထဲမှာ အစွမ်းအထက်ဆုံး ဖုန်းဖြစ်ပါတယ်။ Smart 10 Plus ရဲ့   လုပ်ဆောင်ချက် တွေနဲ့ စျေးနှုန်း တွေ အကြောင်း ဆက်ဖတ်ကြည့်ရအောင်။

INFINIX SMART 10 PLUS (128+4) – Alkay

Smart 10 Plus မှာ ၆.၆၇ လက်မ HD+ LCD မျက်နှာပြင် ပါရှိပြီး 120Hz  refresh rate၊ 240Hz touch sampling rate နဲ့ 700 nits အမြင့်ဆုံး Brightness တွေ ပါဝင်ပါတယ်။ ဖုန်းရဲ့ အရွယ်အစားက ၁၆၅.၆၂ x ၇၇.၀၁ x ၈.၂၅ မီလီမီတာ ရှိပြီး အလေးချိန် ၁၈၇ ဂရမ်ရှိပါတယ်။

Unisoc T7250-Processor ကို သုံးထားတဲ့ အဲဒီ စမတ်ဖုန်းဟာ RAM နဲ့ Storage Version များစွာ ထုတ်ထားပါတယ်။ 8GB  RAM (extended RAM ပါဝင်) နဲ့ 256GB Storage တွေ ပါဝင်ပြီး microSD ကနေ 2TB အထိ တိုးချဲ့နိုင်ပါတယ်။   5,000mAh ဘက်ထရီ ထောက်ပံ့ပေးထားပြီး 15W အားသွင်းစနစ်ပါပါတယ်။

Infinix Shows Off Smart 10 Plus In New Teasers (Updated) - Lowyat.NET

ကင်မရာပိုင်းအတွက် Smart 10 Plus မှာ 8-megapixel အနောက်ဘက်ကင်မရာ (autofocus နဲ့ dual LED flash ပါဝင်) နဲ့ 8-megapixel အရှေ့ဘက်ကင်မရာ (သူ့ရဲ့ကိုယ်ပိုင် LED flash ပါဝင်) တွေ တပ်ဆင်ထားပါတယ်။ ကင်မရာနှစ်မျိုးလုံးက 2K ဗီဒီယိုရိုက်ကူးမှုကို ထောက်ပံ့ပေးပါတယ်။

Android 15 (XOS 15.1 နဲ့တွဲဖက်ပြီး) နဲ့ မောင်းနှင်ထားပြီး ဘေးဘက် လက်ဗွေရာအာရုံခံကိရိယာ၊ မျက်နှာနဲ့ လော့ခ်ဖွင့်တာ၊ IP64 အဆင့်သတ်မှတ်ချက်၊ DTS အသံပါတဲ့ dual speakers နဲ့ Hi-Res certified အသံစနစ် တွေ ပါဝင်ပါတယ်။ တခြား Specs တွေ ထဲမှာ Wi-Fi ac, Bluetooth, FM ရေဒီယို, 3.5mm audio jack, နဲ့ IR blaster တွေ ပါဝင်ပါတယ်။

မလေးရှားမှာ မိတ်ဆက်ခဲ့တဲ့ Smart 10 Plus ကို မော်ဒယ်နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။ 4GB+128GB မော်ဒယ်က 349 MYR (၈၂ ဒေါ်လာ) ဖြစ်ပြီး 8GB+128GB မော်ဒယ်က 399 MYR (၉၄ ဒေါ်လာ) ဖြစ်ပါတယ်။ အဲဒီ ဖုန်းကို Sleek Black, Titanium Silver, Iris Blue, နဲ့ Ruby Red ဆိုတဲ့ အရောင်လေးမျိုးနဲ့ ရရှိနိုင်ပါတယ်။

Ref : Gizmochina