Infinix က တန်ဖိုးနည်း Smart 10 နဲ့ Smart 10 HD ကို ကြေညာလိုက်ပါတယ်။
Smart 10 မှာ 120Hz refresh rate နဲ့ 700-nit Brightness ပါလာပြီး ၆.၆၇ လက်မ HD+ LCD display တပ်ဆင်ထားပါတယ်။ Smart 10 HD မှာတော့ 90Hz refresh rate နဲ့ 500-nit Brightness ရှိတဲ့ ၆.၆ လက်မ HD+ IPS display ကို သုံးထားပါတယ်။
စွမ်းဆောင်ရည်အတွက် Smart 10 မှာ Unisoc T7250 chipset ကို သုံးထားပြီး RAM 4GB (extended RAM 4GB အပါအဝင်) နဲ့ 256GB storage ပါဝင်ပါတယ်။ Smart 10 HD မှာတော့ Unisoc T606 processor ကို သုံးထားပြီး RAM 2GB နဲ့ 64GB storage ပါဝင်ပါတယ်။
Storage ကို 2TB အထိ တိုးချဲ့နိုင်ပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး standard မော်ဒယ်က 15W အားသွင်းစနစ်ကို ထောက်ပံ့ပြီး Smart 10 HD ကတော့ 10W နဲ့ပဲ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
ကင်မရာပိုင်းအတွက် Smart 10 မှာ 8-megapixel အရှေ့ကင်မရာနဲ့ အနောက်ကင်မရာ ပါဝင်ပြီး နှစ်ခုလုံးက 2K video ရိုက်ကူးနိုင်ပါတယ်။ Smart 10 HD မှာတော့ f/1.85 aperture ပါတဲ့ 13-megapixel dual rear camera နဲ့ 8-megapixel အရှေ့ကင်မရာ ပါဝင်ပြီး ကင်မရာတွေမှာ LED flash လည်း ပါရှိပါတယ်။
Smart 10 မှာ Android 15 အခြေခံ XOS 15.1 ကို သုံးထားပြီး Smart 10 HD မှာတော့ Android 14 Go Edition ပါဝင်လာပါတယ်။တခြား features တွေအနေနဲ့ ဘေးဘက်လက်ဗွေရာစနစ်၊ မျက်နှာဖြင့်ဖုန်းဖွင့်ခြင်း (face unlock)၊ IP64 ရေစိုခံအဆင့်သတ်မှတ်ချက်နဲ့ DTS audio တို့လည်း ပါရှိပါတယ်။
Infinix Smart 10 ကို Sleek Black, Titanium Silver, Iris Blue, နှင့် Twilight Gold ဆိုပြီး အရောင်လေးမျိုးနဲ့ ရရှိနိုင်မှာပါ။ Smart 10 HD ကိုတော့ အာဖရိကမှာ Timber Black, Shiny Gold, Crystal Green, နှင့် Galaxy White အရောင်တွေနဲ့ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
Smart 10 ကို မလေးရှားမှာ စတင်ရောင်းချနေပြီဖြစ်ပြီး Smart 10 HD ကိုတော့ အာဖရိကဈေးကွက်မှာ မကြာခင် ရောင်းချသွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ Infinix ဘက်ကတော့ ဖုန်းနှစ်မျိုးလုံးရဲ့ ဈေးနှုန်းကို တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။
Ref: Gizmochina