Microsoft ကုမ္ပဏီက AI နည်းပညာသုံးကိရိယာတွေကို အကောင်အထည်ဖော်ရာကနေ call center (ဖုန်းခေါ်ဆိုမှုဌာန) လုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ ကုန်ကျစရိတ်သက်သာခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဝန်ထမ်းတွေနဲ့ သုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှုကိုပါ မြှင့်တင်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကုမ္ပဏီရဲ့ COO (လုပ်ငန်းလည်ပတ်မှုအရာရှိချုပ်) ဖြစ်တဲ့ Judson Althoff က AI ကြောင့် အရောင်းဝန်ထမ်းတွေအနေနဲ့ ဖောက်သည်အသစ်ရှာဖွေတာနဲ့ အရောင်းအဝယ်ပိတ်တာတွေကို ပိုမြန်မြန်လုပ်နိုင်တဲ့အတွက် ဝင်ငွေ ၉% ပိုတိုးလာတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီသတင်းဟာ Microsoft က ဝန်ထမ်းထောင်ပေါင်းများစွာကို အလုပ်ကနေလျှော့ချနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကလည်း ဝန်ထမ်း ၁၀,၀၀၀ ကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပါသေးတယ်။
တခြားကုမ္ပဏီတွေဖြစ်တဲ့ Amazon နဲ့ Klarna တို့ကလည်း ဖောက်သည်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ AI ကြောင့် ထိရောက်မှုတွေ သိသိသာသာ တိုးတက်လာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် Klarna ကုမ္ပဏီရဲ့ AI လက်ထောက်ဟာ လူသားဝန်ထမ်း ၇၀၀ ဦးရဲ့ အလုပ်နေရာကို အစားထိုးနိုင်ခဲ့ပြီး တိကျမှုနဲ့ တုံ့ပြန်ချိန်တွေကိုပါ ပိုကောင်းအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Ref: Fossbytes