တရုတ်နိုင်ငံ၊ ကျဲ့ကျန်း (Zhejiang) ပြည်နယ်က မစ္စတာလီ (Mr. Li) အမည်ရှိ ယာဉ်မောင်းတစ်ဦးဟာ သူ့ရဲ့ Xiaomi SU7 Max ကားကို မောင်းနှင်နေစဉ်အတွင်း “ယာဉ်မောင်းခြင်းကို အာရုံစိုက်ပါ” ဆိုတဲ့ သတိပေးချက်ကို အကြိမ် ၂၀ ကျော် ရရှိခဲ့ပါတယ်။

Xiaomi SU7 Max First Impressions: European Vibes At South Korean Price

ကားမှာတပ်ဆင်ထားတဲ့ AI ပါဝင်တဲ့ ယာဉ်မောင်းမအိပ်ငိုက်စေရေး စောင့်ကြည့်စနစ် (fatigue detection system) က သူ့ရဲ့ မွေးရာပါ မျက်လုံးသေး (မျက်ပေါက်ကျဉ်း)တဲ့အသွင်အပြင်ကို အိပ်ငိုက်နေတယ်လို့ မှားယွင်းစွာကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။

2024 Xiaomi SU7 Max in-depth Walkaround

မစ္စတာလီက ဒီအဖြစ်အပျက်ကို ဗီဒီယိုရိုက်ကူးပြီး တရုတ်လူမှုကွန်ရက် Douyin မှာ တင်ခဲ့ရာကနေ သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။ ဗီဒီယိုထဲမှာ သူက သတိပေးသံတွေ ရပ်သွားအောင် မျက်လုံးကို အားစိုက်ဖွင့်ပြနေရတာကို ရိုက်ပြခဲ့ပါတယ်။

Xiaomi ရဲ့ ဖောက်သည်ဝန်ဆောင်မှုဌာနကတော့ ဒီစနစ်ဟာ ယာဉ်မောင်းရဲ့ဘေးကင်းလုံခြုံရေးအတွက် ထည့်သွင်းထားတာဖြစ်ပြီး အသုံးပြုသူအနေနဲ့ မလိုအပ်ပါက ပိတ်ထားနိုင်ပေမယ့် ဘေးကင်းလုံခြုံရေးအတွက် မပိတ်ထားဖို့ အကြံပြုထားကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

Ref : Cars Advisor