Teaser အများအပြားနဲ့ စိတ်ဝင်စားအောင် ဆွဲဆောင်ခဲ့ပြီးနောက်မှာတော့ Infinix GT 30 ကို အိန္ဒိယနိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဖုန်းဟာ ကျောဘက်မှာ အဖြူရောင် LED မီးတွေနဲ့ အလှဆင်ထားတဲ့ Cyber Mecha ဒီဇိုင်းကို အသုံးပြုထားပါတယ်။

Infinix GT 30 debuts with customizable LED lights and GT Shoulder triggers  - GSMArena.com news

စျေးနှုန်းသင့်တင့်တဲ့ ဒီဖုန်းမှာ 6.78-inch အရွယ်အစားရှိတဲ့ 1224p AMOLED display ကို သုံးထားပြီး 144 Hz refresh rate နဲ့ Peak Brightness 4,500 nits အထိ ရရှိမှာ ဖြစ်ပါတယ်။ Display ကို Corning Gorilla Glass 7i နဲ့ ကာကွယ်ပေးထားပြီး display အောက်မှာ လက်ဗွေရာစနစ်နဲ့ 13MP ကင်မရာအတွက် punch-hole ဒီဇိုင်းတို့ ပါဝင်ပါတယ်။

ကျောဘက်ကင်မရာပိုင်းမှာတော့ 64MP Sony IMX682 main sensor နဲ့ 8MP ultrawide ကင်မရာတို့ ပါဝင်ပါတယ်။

Infinix GT 30 မှာ MediaTek Dimensity 7400 SoC ကို အသုံးပြုထားပြီး 8 GB LPDDR5X RAM နဲ့ 256 GB UFS 2.2 storage အထိ ရွေးချယ်နိုင်ပါတယ်။ ဖုန်းကို Android 15 ကို အခြေခံထားတဲ့ XOS 15 နဲ့ ထုတ်လုပ်ပေးထားပြီး Android OS အပ်ဒိတ် ၂ နှစ်နဲ့ လုံခြုံရေးအပ်ဒိတ် ၃ နှစ်ရရှိမယ်လို့ ကတိပြုထားပါတယ်။

Infinix GT 30 5G+ Launched in India with 144Hz AMOLED Display, Gaming  Triggers and Dimensity 7300, Starting at Rs. 19,499 ~ My Mobile India

ဂိမ်းမင်းဖုန်းအဖြစ် ကြေညာထားတဲ့ GT 30 မှာ ဖုန်းရဲ့ညာဘက်အစွန်းမှာ capacitive gaming triggers တွေ၊ ၆ လွှာပါ 3D vapor chamber အအေးပေးစနစ်၊ BGMI ဂိမ်းမှာ 90FPS အထိ ထောက်ပံ့ပေးနိုင်မှုနဲ့ ကျောဘက်က စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ အဖြူရောင် LED မီးတွေ ပါဝင်ပါတယ်။

ဘက်ထရီအတွက် 5,500 mAh ပမာဏကို 45W အားအမြန်သွင်းစနစ်နဲ့ အားသွင်းနိုင်မှာပါ။ ဒါ့အပြင် ရေနဲ့ဖုန်ကာကွယ်မှုအတွက် IP64 rating လည်း ရရှိထားပြီး ဖုန်းရဲ့အလေးချိန်ကတော့ 187g ပဲ ရှိပါတယ်။

Infinix GT 30 ကို အိန္ဒိယနိုင်ငံမှာ လာမယ့် သြဂုတ်လ ၁၄ ရက်နေ့ကစပြီး Flipkart အွန်လိုင်းစတိုးနဲ့ တခြားအရောင်းဆိုင်တွေမှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ Cyber Blue, Pulse Green, နဲ့ Blade White ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့:

8GB/128GB အမျိုးအစားကို အိန္ဒိယရူပီး ၁၉,၄၉၉ (အမေရိကန်ဒေါ်လာ ၂၂၂ ခန့်၊ မြန်မာငွေ ၈၉၀,၀၀၀ ကျပ်ဝန်းကျင်) နဲ့

8GB/256GB အမျိုးအစားကို အိန္ဒိယရူပီး ၂၀,၉၉၉ (အမေရိကန်ဒေါ်လာ ၂၄၀ ခန့်၊ မြန်မာငွေ ၉၆၀,၀၀၀ ကျပ်ဝန်းကျင်) သတ်မှတ်ထားပါတယ်။

Ref : gsmarena