တရုတ်နိုင်ငံဟာ သမားရိုးကျဘီးတွေအစား အားကောင်းတဲ့ သံလိုက်စွမ်းအားသုံးပြီး လမ်းပေါ်မှာ မနိမ့်မမြင့် လေပေါ်ရှပ်ပြေး မောင်းနှင်တဲ့ သံလိုက်စွမ်းအားသုံး (maglev) ဘတ်စ်ကားတွေကို တီထွင်နေပါတယ်။ လမ်းမှာ မြှုပ်ထားတဲ့ သံလိုက်လမ်းကြောတွေအတိုင်း ချောမွေ့စွာသွားလာတဲ့ အဲဒီ ဘတ်စ်ကားတွေဟာ ကားလမ်းနဲ့ ပွတ်တိုက်မှု အနည်းဆုံးဖြစ်ပြီး ပိုမြန်၊ ပိုတိတ်ဆိတ်ကာ ပိုချောမွေ့တဲ့ ခရီးစဉ်တွေကို ပေးစွမ်းနိုင်ပါတယ်။
မြေပြင်နဲ့ တိုက်ရိုက်ထိတွေ့မှုကို ဖယ်ရှားလိုက်တာကြောင့် maglev ဘတ်စ်ကားတွေဟာ စက်ပိုင်းဆိုင်ရာ ပျက်စီးမှု၊ စွမ်းအင်သုံးစွဲမှုနဲ့ ဆူညံသံတွေကို သိသိသာသာ လျှော့ချပေးပါတယ်။ တစ်ချိန်တည်းမှာပဲ လူစည်ကားတဲ့ မြို့ပြပတ်ဝန်းကျင်တွေမှာ ပိုမြင့်တဲ့အမြန်နှုန်းတွေနဲ့ ပိုပြီးတည်ငြိမ်မှုကို ရရှိစေပါတယ်။ အဲဒီဒီဇိုင်းဟာ ပြုပြင်ထိန်းသိမ်းရေး ကုန်ကျစရိတ်တွေကို လျှော့ချပေးပြီး ယာဉ်သက်တမ်းကို ရှည်စေကာ ကားအိတ်ဇောကနေ ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိအောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဒါတွေအပြင် လမ်းမျက်နှာပြင်တွေပေါ်က ဝန်အားကိုလည်း လျှော့ချပေးပါတယ်။
ဒီတီထွင်ဆန်းသစ်မှုဟာ အဆင့်မြင့်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ အခြေခံအဆောက်အအုံတွေအတွက် တရုတ်နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုကို မီးမောင်းထိုးပြနေပါတယ်။ ဒါဟာ မြို့ပြခရီးသွားလာမှုမှာ ထိတွေ့မှုမရှိ၊ ထိရောက်ပြီး အသံလုံးဝနီးပါး မထွက်တဲ့ အနာဂတ်ကို အရိပ်အမြွက်ပြနေသလိုပါပဲ။ ဒါဟာ လေပေါ်ပျံဝဲနေတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး နည်းပညာ အနာဂတ်ထွက်ပေါ်လာမယ်ဆိုတာ ပြသနေပါတယ်။
Ref : Inspiring Post