Samsung က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကြော်ငြာအသစ်တစ်ခု တင်လိုက်ပါတယ်။ အဲဒီကြော်ငြာက တိုတိုလေးဖြစ်ပြီး ခေါက်လို့မရတဲ့ iPhone တွေကို ပျက်ရယ်ပြုထားတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။
အောက်မှာ တစ်ချက်လောက် ကြည့်လိုက်ပါဦး။
From "no shirt" to "new shirt" with #GalaxyAI on #GalaxyZFold7.
Unfold what’s possible: https://t.co/I3fOJvDBYH pic.twitter.com/1HTRb5Jrsz
— Samsung Mobile US (@SamsungMobileUS) August 25, 2025
Apple က သူ့ရဲ့ ပထမဆုံး ခေါက်ဖုန်းကို တစ်နှစ် ဒါမှမဟုတ် အဲဒီထက်မကြာခင်မှာ တကယ်ထုတ်လုပ်လာတဲ့အခါ ဒီကြော်ငြာဟာ ရယ်စရာဖြစ်သွားမှာပါ။ (ပိုပြီးရယ်စရာကောင်းတာက အဲဒီခေါက်ဖုန်းမှာ Samsung ကထုတ်တဲ့ Foldable Display ကို သုံးမယ်လို့ သတင်းတွေထွက်နေတာပါ)။ ဒါပေမဲ့ အဲဒီအချိန်မတိုင်ခင်အထိတော့ ကိုရီးယားကုမ္ပဏီအနေနဲ့ Galaxy Z Fold7 က ခေါက်လို့ရပြီး iPhone 16 Pro Max က ခေါက်လို့မရဘူးဆိုပြီး ကြွားခွင့်ရနေဦးမှာ ဖြစ်ပါတယ်။
Galaxy AI Suite ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Fold7 မှာပါတဲ့ Sketch to Image လုပ်ဆောင်ချက်ကလည်း ကြော်ငြာထဲမှာ အချိန်တော်တော်များများ ပါဝင်လာပါတယ်။ ပြီးတော့ အဲဒါဟာ တော်တော်လန်းပြီး တကယ်ကို အသုံးဝင်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။
Ref: gsmarena