Apple က နည်းပညာလောကက စိတ်ဝင်တစားစောင့်မျှော်နေကြတဲ့ iPhone 17 Series ကို မိတ်ဆက်မယ့် အထူးပွဲကို လာမယ့် စက်တင်ဘာလ ၉ ရက်၊ အင်္ဂါနေ့မှာ ကျင်းပသွားမယ်လို့ တရားဝင် အတည်ပြု ကြေညာလိုက်ပါတယ်။
အဲဒီပွဲကို Apple Park မှာရှိတဲ့ Steve Jobs Theater မှာ ကျင်းပမှာဖြစ်ပြီး Apple ရဲ့ ဝက်ဘ်ဆိုက်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားစံတော်ချိန် နံနက် ၁၀ နာရီ (မြန်မာစံတော်ချိန် ည ၁၁:၃၀ နာရီ)မှာ ကြေညာမှာပါ။
ဒီနှစ်မိတ်ဆက်ပွဲရဲ့ အဓိက အာရုံစိုက်မှုကို ရရှိထားတာကတော့ iPhone 17 Series ဖြစ်ပြီး iPhone 17, iPhone 17 Air, iPhone 17 Pro နဲ့ iPhone 17 Pro Max ဆိုပြီး မော်ဒယ်လေးမျိုး ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။
အထူးသဖြင့် Pro မော်ဒယ်တွေမှာ ပိုမိုမြန်ဆန်တဲ့ A19 Pro chip အသစ်၊ အဆင့်မြှင့်တင်ထားတဲ့ Periscope ကင်မရာစနစ်နဲ့ ပိုမိုပါးလွှာတဲ့ ဘေးဘောင်ဒီဇိုင်းတွေ ပါဝင်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါ့အပြင် အရင် Pro မော်ဒယ်တွေမှာပဲ ပါဝင်ခဲ့တဲ့ Action Button ကိုလည်း ဒီတစ်ခေါက်မှာ iPhone 17 မော်ဒယ်အားလုံးမှာ ထည့်သွင်းတပ်ဆင်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
iPhone တွေအပြင် Apple ဟာ အဲဒီပွဲမှာပဲ သူတို့ရဲ့ နောက်ဆုံးပေါ် Apple Watch Series 11 နဲ့ Apple Watch Ultra မော်ဒယ်သစ်တွေကိုပါ တစ်ပါတည်း မိတ်ဆက်သွားဖို့ ရှိတယ်လို့ နည်းပညာအသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။
ref: gsmarena