တရုတ်နိုင်ငံရဲ့ BYD ကုမ္ပဏီအောက်က Yangwang brand ရဲ့ U9 Track Edition hypercar က ကမ္ဘာ့စံချိန်သစ်တစ်ခု တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့က ဂျာမနီနိုင်ငံမှာ မြင်းကောင်ရေ ၃,၀၀၀ အားရှိတဲ့ အဲဒီလျှပ်စစ်ကားဟာ တစ်နာရီကို ၂၉၃.၅၄ မိုင် (၄၇၂.၄၁ ကီလိုမီတာ) နှုန်းအထိ မောင်းနှင်ပြခဲ့ပြီး ဈေးကွက်ထဲက လျှပ်စစ်ကားတွေထဲမှာ ကမ္ဘာ့အမြန်ဆုံးကား ဖြစ်လာခဲ့ပါတယ်။
U9 ဟာ ဂျပန်နိုင်ငံထုတ် Aspark Owl (တစ်နာရီ ၂၇၂.၆ မိုင်) နဲ့ ခရိုအေးရှားနိုင်ငံထုတ် Rimac Nevera (တစ်နာရီ ၂၆၈.၂ မိုင်) တို့က တင်ထားတဲ့ အရင်စံချိန်တွေကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မော်တာလေးလုံးပါတဲ့စနစ်နဲ့ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထားတာကြောင့် လျှပ်စစ်ကားတွေဟာ အခုအခါမှာ ဆီအင်ဂျင်သုံး hypercar အများအပြားကိုတောင် ကျော်တက်နေပြီဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။
အခုလို စံချိန်တင် မောင်းနှင်မှုကြောင့် လျှပ်စစ်ကားတွေအတွက် တစ်နာရီ မိုင် ၃၀၀ ဆိုတဲ့ စံမိုင်တိုင်က အရင်ကထက် ပိုပြီး နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။
Ref : Technology Innovation