Porsche ကုမ္ပဏီက လျှပ်စစ်ကားတွေအတွက် wireless charging system တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီစနစ်ဟာ စမတ်ဖုန်းတွေကို wireless နဲ့ အားသွင်းတဲ့ပုံစံနဲ့ အများကြီး ဆင်တူပါတယ်။

Porsche has a smartphone-style wireless charger for its new electric Cayenne

အဲဒီစနစ်ကို ပထမဆုံး အသုံးပြုနိုင်မယ့် ကားမော်ဒယ်ကတော့ လျှပ်စစ်စွမ်းအင်သုံး Cayenne ဖြစ်ပြီး ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ စတင်မိတ်ဆက်ကာ ၂၀၂၆ ခုနှစ်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Porsche unveils wireless charging for its next all-electric model

11 kW အားရှိတဲ့ အဲဒီ wireless charger ကြောင့် ကားမောင်းသူတွေဟာ ကြမ်းပြင်မှာတပ်ဆင်ထားတဲ့ အပြားပေါ်မှာ ကားရပ်လိုက်ရုံနဲ့ အားသွင်းနိုင်မှာဖြစ်ပြီး ကြိုးတွေ သုံးစရာမလိုတော့ပါဘူး။ Porsche ဟာ အဲဒီစနစ်ကို Munich မှာ ကျင်းပမယ့် IAA Mobility 2025 ပွဲမှာ Cayenne Electric ရှေ့ပြေးပုံစံကားနဲ့အတူ ပွဲဦးထွက် ပြသသွားမှာ ဖြစ်ပါတယ်။

ဒီစနစ်မှာ အဓိက အစိတ်အပိုင်း နှစ်ပိုင်း ပါဝင်ပါတယ်။ အဲဒါတွေကတော့ အိမ်ရဲ့ လျှပ်စစ်လိုင်းနဲ့ ချိတ်ဆက်ထားတဲ့ ပေါင် ၁၁၀ အလေးချိန်ရှိ မြေပြင်တပ်ဆင်ပြားတစ်ခုနဲ့ Cayenne ကားရဲ့အောက်ခြေမှာ တပ်ဆင်ထားတဲ့ လက်ခံပြား (receiver plate) တစ်ခုတို့ ဖြစ်ပါတယ်။

မြေပြင်တပ်ဆင်ပြားကို လေနဲ့ အအေးပေးတဲ့စနစ် ထည့်သွင်းထားပြီး အပူချိန် -40°F ကနေ 122°F အထိ အလုပ်လုပ်နိုင်တာကြောင့် တစ်နှစ်ပတ်လုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘေးကင်းလုံခြုံရေး feature တွေအနေနဲ့ လှုပ်ရှားမှုကို အာရုံခံတဲ့စနစ်နဲ့ မသက်ဆိုင်တဲ့အရာဝတ္ထုတွေကို သိရှိနိုင်တဲ့စနစ်တွေ ပါဝင်ပါတယ်။

Porsche ဟာ အဲဒီ wireless charger ကို ၂၀၂၆ ခုနှစ်ကစပြီး ကုမ္ပဏီရဲ့အရောင်းစင်တာတွေနဲ့ အွန်လိုင်းကနေတစ်ဆင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref : Technology Innovation