SpaceX ကုမ္ပဏီဟာ မြန်မာနိုင်ငံနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေမှာ အသုံးပြုနေတဲ့ Starlink စက်အလုံးရေ ၂,၅၀၀ ကျော်ကို ဝန်ဆောင်မှု ဖြတ်တောက်လိုက်တယ်လို့ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌတစ်ဦးက အောက်တိုဘာ ၂၂ မှာ ပြောပါတယ်။ ဒီလို လိမ်လည်မှုလုပ်ငန်းတွေမှာ Starlink ဂြိုဟ်တုအင်တာနက်စက်တွေ အသုံးပြုမှု များပြားလာကြောင်း AFP သတင်းဌာနက ဖော်ထုတ်ခဲ့ပြီးနောက်မှာ အခုလို အရေးယူလိုက်တာ ဖြစ်ပါတယ်။

SpaceX says it 'disabled' 2,500 Starlink devices at Myanmar scam centres

ဒီနှစ်ပိုင်းထဲမှာမြန်မာနယ်စပ်တစ်လျှောက်မှာ အင်တာနက်ကနေ နိုင်ငံခြားသားတွေကို ပစ်မှတ်ထား လိမ်လည်တဲ့ လုပ်ငန်းဝင်းကြီးတွေ ရှင်သန်ကြီးထွားလာခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ နှိမ်နင်းမှုတစ်ခုကြောင့် အလုပ်သမား ၇,၀၀၀ ခန့် နေရပ်ပြန်ပို့ခံခဲ့ရပြီး ထိုင်းနိုင်ငံကလည်း နယ်စပ်ဖြတ်ကျော် အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့ပါတယ်။

ဒါပေမဲ့ AFP ရဲ့ စုံစမ်းစစ်ဆေးမှုအရ ငွေလိမ်လုပ်ငန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေက ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံက အင်တာနက်နဲ့ လျှပ်စစ်မီး ဖြတ်တောက်လိုက်ပြီးနောက်မှာ လုပ်ငန်းစခန်းအများစုဟာ Starlink စက်တွေကို အလုံးအရင်းနဲ့ တပ်ဆင်လာကြပါတယ်။

Starlink Shines in Europe as Constellation Investments Boost Performance | Ookla®

SpaceX ရဲ့ Starlink လုပ်ငန်းဆိုင်ရာ ဒုဥက္ကဋ္ဌ Lauren Dreyer က မြန်မာနိုင်ငံနယ်စပ်က “သံသယရှိတဲ့ ‘scam centre’ တွေ အနီးတစ်ဝိုက်က Starlink Kits ၂,၅၀၀ ကျော်ကို ပိတ်ပစ်ခဲ့တယ်” လို့ X မှာ ရေးသားခဲ့ပေမယ့် ဘယ်အချိန်မှာ ဖြတ်တောက်ခဲ့တယ် ဆိုတာကိုတော့ အသေးစိတ် မဖော်ပြခဲ့ပါဘူး။

“ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ပေးနိုင်တဲ့ နည်းပညာတစ်ခုတည်းကပဲ အလွဲသုံးစားလုပ်ခံရမယ့် အန္တရာယ်လည်း ရှိနေပါတယ်။ ဥပဒေနဲ့ ငြိစွန်းတာတွေတွေ့ရင် ကမ္ဘာတစ်ဝှမ်းက ဥပဒေစိုးမိုးရေး အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ကျွန်မတို့ ပြုလုပ်ပါတယ်။” လို့ သူမက ပြောပါတယ်။

Ref: channel news asia