၂၀၂၇ ခုနှစ်မှာ ထွက်ရှိလာမယ့် iPhone 20 စီးရီးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သတင်းတွေ တော်တော်လေး ထွက်ပေါ်နေပါတယ်။ အဲဒီဖုန်းက ပထမဆုံး iPhone ထွက်ရှိခဲ့ခြင်းရဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ် ဖြစ်လာမှာပါ။

iPhone 20 to drop all traditional buttons - GSMArena.com news

အခုနောက်ဆုံး ထွက်လာတဲ့ သတင်းကတော့ အရင်ကတည်းက ကျွန်တော်တို့ ကြားနေရတဲ့ ကိစ္စတစ်ခုပါပဲ။ အဲဒါကတော့ Apple က ဖုန်းမှာ ခလုတ် (physical buttons) တွေအားလုံးကို ဖြုတ်ပြီး capacitive ခလုတ်တွေနဲ့ အစားထိုးမယ်ဆိုတဲ့ အချက်ပါပဲ။

ဒီသတင်းက အရင် iPhone မျိုးဆက်တွေတုန်းကလည်း အကြိမ်ကြိမ် ထွက်ပေါ်ခဲ့ဖူးပေမယ့် ဘယ်တုန်းကမှ တကယ် ဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့ အခု တရုတ်နိုင်ငံက ထွက်လာတဲ့ သတင်းသစ်တစ်ခုအရ iPhone 20 ဟန်းဆက်တွေမှာတော့ ဒီဒီဇိုင်းက နောက်ဆုံးတော့ တကယ် ဖြစ်လာတော့မယ်လို့ ဆိုပါတယ်။

Apple's Next Big Move: iPhone 20 Reportedly Could Ditch Every Physical  Button - CNET

ဒီဖုန်းတွေမှာ ရုပ်ပိုင်းဆိုင်ရာ ခလုတ်တွေ လုံးဝ ပါဝင်တော့မှာ မဟုတ်ဘဲ၊ သူတို့ အသုံးပြုမယ့် solid-state ခလုတ်တွေအတွက် နေရာအလိုက် တုန်ခါမှုပေးတဲ့ (localized vibration feedback) စနစ်ကို သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

ဒါတင်မကသေးပါဘူး။ iPhone 20 မျိုးဆက်မှာ ကင်မရာ sensor အမျိုးအစားသစ်ကို ပြောင်းသုံးသွားဖို့ရှိပြီး၊ နှစ် ၂၀ ပြည့် အထိမ်းအမှတ် ဖြစ်တာနဲ့အညီ “ဒီဇိုင်း အကြီးအကျယ် ပြောင်းလဲမှု” လည်း ရှိလာသင့်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒီစမတ်ဖုန်းတွေအကြောင်း နောက်ထပ် သတင်းအသစ်အဆန်းတွေကို မကြာခင်မှာ ဆက်ကြားရဦးမှာ သေချာပါတယ်။

Ref : gsmarena