Bloomberg က Mark Gurman က Apple ဟာ  Siri ကို Google ရဲ့ Gemini AI model တစ်မျိုးနဲ့ အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ ဒီနည်းပညာကို ရဖို့ Apple က Google ကို တစ်နှစ် ဒေါ်လာ ၁ ဘီလီယံလောက် ပေးရလိမ့်မယ်လို့ ဆိုပါတယ်။

STK071_APPLE_A

Bloomberg က ဖော်ပြခဲ့သလိုပဲ၊ Apple ဟာ အဲဒီ Gemini model ကို သူ့ရဲ့ Private Cloud Compute server တွေပေါ်မှာ run မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Siri feature တချို့အတွက်တော့ ကုမ္ပဏီအတွင်းက model တွေကိုပဲ ဆက်သုံးသွားမှာပါ။ Gurman က  အဲဒီ Gemini model ဟာ သူ့ရဲ့ တုံ့ပြန်မှုတွေအတွက် 1.2 trillion parameters (တိုင်းတာမှုစံနှုန်း) တွေကို သုံးစွဲမှာဖြစ်ပြီး၊ အဲဒါဟာ Apple Intelligence (cloud-based version) ရဲ့ 150 billion-parameter model ထက် အများကြီး ပိုသာလွန်နေပါတယ်လို့ ပြောပါတယ်။

Report: Apple To Lean On Google Gemini For Siri Overhaul

Apple ဟာ Siri မှာ AI feature အသစ်တွေ ထုတ်တာ နောက်ကျခဲ့ပြီးနောက် အလျင်မီအောင်ကြိုးစားနေရပါတယ်။ ဇွန်လတုန်းက Bloomberg က ဖော်ပြခဲ့တာက၊ Apple ဟာ Google နဲ့ မပေါင်းခင်မှာ Siri အသစ်အတွက် OpenAI ဒါမှမဟုတ် Anthropic က model တွေကို သုံးဖို့ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က Apple CEO Tim Cook က ရင်းနှီးမြှုပ်နှံသူတွေကို Siri အသစ်ဟာ လာမယ့် နွေဦးရာသီမှာ ရောက်လာဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် Apple Intelligence နဲ့ တခြား third-party AI တွေ ပေါင်းစည်းဖို့အတွက်လည်း လမ်းဖွင့်ထားဆဲပါ။ Apple ဟာ Google နဲ့ သဘောတူညီချက်တစ်ခုကို ရှေ့ဆက်လုပ်နေတယ်လို့ ဆိုပေမယ့်၊ နောင်တစ်ချိန်မှာ Gemini ကို အစားထိုးနိုင်ဖို့အတွက် ကိုယ်ပိုင် AI နည်းပညာကို ဆက်လက် တီထွင်သွားမယ်လို့ Bloomberg က ပြောပါတယ်။

Ref : The Verge