BYD ဟာ တရုတ်နိုင်ငံ၊ Zhengzhou မှာ အလွန်ကြီးမားတဲ့ EV စက်ရုံကြီးတစ်ခု တည်ဆောက်နေပြီး၊ သတင်းတွေအရ  စတုရန်းမိုင် ၅၀ ခန့် ကျယ်ဝန်းပါတယ်။ ဒါက စတုရန်းမိုင် ၄၆ မိုင်ရှိတဲ့ San Francisco မြို့ထက်တောင် ပိုကြီးမားပါတယ်။

Video Claims To Show Mega Factory, Bigger Than San Francisco, Being Built  In China

Drone နဲ့ ရိုက်ကူးထားတဲ့ ပုံတွေအရ အဲဒီစက်ရုံဟာ ကားထုတ်လုပ်ရေးနေရာသက်သက်တင် မဟုတ်ဘဲ၊ လူနေအဆောက်အအုံတွေ၊ အားကစားကွင်းတွေ နဲ့ အပန်းဖြေဇုန်တွေပါ ပါဝင်တဲ့ မြို့တစ်မြို့ဖြစ်နေတာကို တွေ့ရပါတယ်။

BYD's EV Empire': How China's 50 square mile factory could crush Elon Musk  and Tesla

The Sun သတင်းစာက မတ်လမှာ အဲဒီစက်ရုံဟာ တည်ဆောက်ရေး အဆင့် ငါး နဲ့ အဆင့် ရှစ် ကြားမှာ ရှိနေတယ်လို့ ဖော်ပြခဲ့ပေမယ့်၊ Business Insider ကတော့ ဂြိုလ်တုပုံရိပ်တွေကတစ်ဆင့် လက်ရှိနေရာကို စတုရန်းမိုင် ၈ မိုင်လောက် ရှိမယ့်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဝန်ထမ်း ၉ သိန်းကျော် ရှိတဲ့ BYD ဟာ နောက်ထပ် ၃ လအတွင်း ဝန်ထမ်းအသစ် ၂ သိန်း ထပ်မံခန့်အပ်ဖို့ အစီအစဉ် ရှိပါတယ်။

Zhengzhou စက်ရုံတစ်ခုတည်းမှာတင် ဝန်ထမ်း ၆၀,၀၀၀ လောက်ကို အလုပ်ခန့်ထားပြီး၊ သူတို့ထဲက အများစုဟာ စက်ရုံဝင်းထဲမှာပဲ နေထိုင်ကြပါတယ်။ BYD ရဲ့ ပရောဂျက်ဟာ ကမ္ဘာ့ လျှပ်စစ်ကား (EV) ဈေးကွက်ကို စိုးမိုးဖို့  ရည်မှန်းချက်ကြီးမားတာကို ပြသနေပါတယ်။

Ref : Fossbytes