Amazon တည်ထောင်သူ Jeff Bezos က ဒေါ်လာ ၆.၂ ဘီလီယံတန် Project Prometheus လို့ခေါ်တဲ့ startup ကုမ္ပဏီအသစ်ကို ထောက်ပံ့ပြီး AI လောကထဲ ဝင်ရောက်လာပြီးနောက် Elon Musk က သူ့ကို “copycat” (သူများလိုက်တုသူ) လို့ ခေါ်ဆိုလိုက်ပါတယ်။
)
Bezos ဟာ အဲဒီ startup မှာ ပူးတွဲ CEO အဖြစ် စီမံခန့်ခွဲမှုအပိုင်းကို ပြန်လည် ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီဟာ “ရုပ်ပိုင်းဆိုင်ရာ စီးပွားရေးအတွက် AI” (AI for the physical economy) ကို အဓိကထားပြီး ကွန်ပျူတာ၊ လေကြောင်းနဲ့ မော်တော်ကားကဏ္ဍတွေက အင်ဂျင်နီယာနဲ့ ထုတ်လုပ်ရေးလုပ်ငန်းသုံး AI tool တွေကို တည်ဆောက်သွားမှာပါ။

Project Prometheus မှာ Meta ၊ OpenAI နဲ့ Google DeepMind တို့က AI သုတေသီတွေအပါအဝင် ဝန်ထမ်း ၁၀၀ ကျော် ရှိနေပြီး ဒါဟာ ၂၀၂၁ ခုနှစ် Amazon ကနေ ထွက်ခွာပြီးနောက်ပိုင်း Bezos ရဲ့ ပထမဆုံးအကြိမ် လုပ်ငန်းခွင် ပြန်ဝင်မှုလည်း ဖြစ်ပါတယ်။
Bezos ဟာ Verily နဲ့ Foresite Labs ကို တွဲဖက်တည်ထောင်ခဲ့သူ Vik Bajaj နဲ့အတူ CEO ရာထူးကို ပူးတွဲရယူသွားမှာပါ။
ဒီသတင်းနဲ့ပတ်သက်ပြီး Elon Musk က X လူမှုကွန်ရက်မှာ “Haha no way” လို့ ရေးသားခဲ့ပြီးနောက် “copy” ဆိုတဲ့စာသားနဲ့ ကြောင်ရုပ် emoji တစ်ခုကို တင်ခဲ့ပါတယ်။
Ref : Fossbtes