ရုရှား ဟာ လက်ရှိကြုံတွေ့နေရတဲ့ လူဦးရေကျဆင်းမှုကို ဖြေရှင်းဖို့အတွက် ည ၁၀ နာရီနောက်ပိုင်း လျှပ်စစ်မီးနဲ့ အင်တာနက် အသုံးပြုမှုကို ကန့်သတ်မယ့် ပုံမှန်မဟုတ်တဲ့ နည်းလမ်းသစ်တစ်ခုကို စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ screen ကြည့်တဲ့အချိန်ကို လျှော့ချလိုက်တာက စုံတွဲတွေ အချင်းချင်း အပြင်မှာ အတူတူ အချိန်ပိုပေးဖြစ်လာအောင် တွန်းအားဖြစ်စေနိုင်မယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။
ရုရှား အနေနဲ့ မွေးဖွားနှုန်းကျဆင်းမှုနဲ့ ရေရှည်လူဦးရေဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရချိန်မှာ အဲဒီ အဆိုပြုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ငွေကြေးထောက်ပံ့ပေးတာ တစ်ခုတည်းနဲ့ ဒီအခြေအနေကို ပြောင်းလဲဖို့ မအောင်မြင်ခဲ့ပြီးနောက်မှာ မူဝါဒချမှတ်သူတွေက သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတွေကို ရှာဖွေလာကြတာပါ။

အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက romantic ဆန်တဲ့ လှုပ်ရှားမှုတွေနဲ့ date night တွေကို ပံ့ပိုးပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ digital ပိုင်းဆိုင်ရာ အနှောင့်အယှက်တွေကို လျှော့ချပြီး မိသားစုထူထောင်မှုကို အားပေးမယ့် အခြေအနေတွေ ဖန်တီးပေးဖို့ ဖြစ်ပါတယ်။
လူဦးရေကျဆင်းမှုဟာ စီးပွားရေးတည်ငြိမ်မှု၊ အိမ်ရာ၊ ကလေးစောင့်ရှောက်ရေးနဲ့ လူမှုရေးမျှော်လင့်ချက်တွေ အပါအဝင် အချက်အလက်များစွာအပေါ် မူတည်နေတယ်လို့ လူဦးရေစာရင်း ပညာရှင်တွေက ထောက်ပြကြပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ မပါဘဲနဲ့ အင်တာနက် ဖြတ်တောက်ရုံသက်သက်ကတော့ သက်ရောက်မှု နည်းပါးနိုင်ပါတယ်။
အဲဒီ အဆိုပြုချက်ကြောင့် ရုရှား ပြည်တွင်းမှာရော ပြည်ပမှာပါ ငြင်းခုံမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဝေဖန်သူတွေက ထိရောက်မှုရှိမရှိ မေးခွန်းထုတ်နေကြပြီး ထောက်ခံသူတွေကတော့ ဒါကို ကြီးလေးတဲ့ နိုင်ငံတော်အဆင့် ပြဿနာတစ်ခုကို ဖြေရှင်းဖို့ တွန်းအားပေးမှုတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။
Ref : Tech Times