စာဖတ်သူတွေဟာ နာမည်ကြီး စာရေးဆရာတွေ ရေးသားထားတဲ့ ဇာတ်လမ်းတွေထက် ဉာဏ်ရည်တု (AI) က ဖန်တီးထားတဲ့ ဇာတ်လမ်းတွေကို ပိုပြီး သဘောကျနေကြတယ်ဆိုတာကို လေ့လာမှုအသစ်တစ်ခုမှာ အံ့ဩဖွယ် တွေ့ရှိခဲ့ပါတယ်။ ကိန်းဘရစ်ချ်တက္ကသိုလ်ပုံနှိပ်တိုက်က ထုတ်ဝေပြီး ဗီလာနိုဗာတက္ကသိုလ် (VU) က ဦးဆောင်ခဲ့တဲ့ အဲဒီသုတေသနအရ စာဖတ်သူတွေဟာ AI နဲ့ လူသားတွေရဲ့ လက်ရာကို ခွဲခြားမသိနိုင်ဘူးလို့ ဆိုပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက AI ရေးတဲ့ ဇာတ်လမ်းတွေကို လူသားတွေရေးတယ်လို့ ထင်မှတ်ပြီး အမြင့်ဆုံး အဆင့်သတ်မှတ်ချက်တွေတောင် ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ChatGPT Edu | AI at W&M | William & Mary

သုတေသီတွေဟာ စာရေးဆရာတွေရဲ့ ဇာတ်လမ်းတို ၃ ပုဒ်နဲ့ ChatGPT က ဖန်တီးထားတဲ့ ဇာတ်လမ်း ၃ ပုဒ်ကို ယှဉ်ပြီး စမ်းသပ်ခဲ့ကြပါတယ်။ အသက် ၁၈ နှစ်ကနေ ၈၁ နှစ်အရွယ် ပါဝင်သူတွေဟာ လူတွေရေးတယ်လို့ ပြောထားတဲ့ ဇာတ်လမ်းတွေကို အကြိုက်ဆုံးလို့ ရွေးချယ်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ အဲဒီဇာတ်လမ်းတွေဟာ AI က ရေးသားထားတာ ဖြစ်နေပါတယ်။

ChatGPT: Everything You Need to Know About OpenAI's Buzzy Chatbot -  Business Insider

ဘာကြောင့် AI ရဲ့ အရေးအသားကို ပိုကြိုက်ကြတာလဲဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး သုတေသီ ဒေါက်တာ Deena Weisberg က စိတ်ဝင်စားဖွယ် ရှင်းပြထားပါတယ်။ AI ရဲ့ အရေးအသားတွေက ပိုမို ရှင်းလင်းပြတ်သားပြီး နားလည်ရ လွယ်ကူတဲ့အတွက် လူတွေက ပိုသဘောကျကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လူသားတွေရဲ့ အရေးအသားတွေကတော့ ပိုပြီး နက်နဲရှုပ်ထွေးတဲ့အတွက် ဦးနှောက်ကို ပိုအလုပ်ပေးရကြောင်းနဲ့ ယေဘုယျအားဖြင့် လူတွေဟာ ခန့်မှန်းရလွယ်ကူတဲ့ အရာတွေကိုသာ ပိုပြီး သဘောကျလေ့ရှိတယ်လို့ သူမက သုံးသပ်ပြထားပါတယ်။

Ref : bbc