အသက် ၁၅ နှစ်အရွယ် ဘယ်လ်ဂျီယံ နိုင်ငံသား ဉာဏ်ကြီးရှင် Laurent Simons ဟာ Quantum physics နဲ့ ပါရဂူဘွဲ့ (PhD) ရရှိခဲ့ပြီး ကမ္ဘာ့သတင်းခေါင်းကြီးပိုင်းတွေမှာ ပါလာပါတယ်။ The Brussels Times ရဲ့ အဆိုအရ Laurent Simons ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းက University of Antwerp မှာ သူ့ရဲ့ ပါရဂူဘွဲ့ စာတမ်းကို အောင်မြင်စွာ တင်ပြနိုင်ခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ပါရဂူဘွဲ့ရသူတွေထဲက တစ်ဦး ဖြစ်လာပါတယ်။

Belgium's 'Little Einstein' earns PhD in Quantum Physics at 15 - India Today

သူ့ရဲ့ ပညာရေးခရီးလမ်းကတော့ တကယ့်ကို ထူးခြားပါတယ်။ သူဟာ အသက် ၈ နှစ်အရွယ်မှာတင် အထက်တန်း အောင်မြင်ခဲ့ပြီး အသက် ၁၂ နှစ်မှာ ရူပဗေဒ ဘွဲ့ရရှိခဲ့သလို အခုအချိန်မှာတော့ ကျောင်းသားအများစု အထက်တန်းကျောင်းတောင် မပြီးသေးခင်မှာ ပညာရေးရဲ့ အမြင့်ဆုံး အောင်မြင်မှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Why is 15-yr-old Belgian's PhD exciting 'billionaires'? It has an SN Bose  link

သူ့ရဲ့ ပါရဂူဘွဲ့ သုတေသနမှာ Quantum သိပ္ပံရဲ့ အဆင့်အမြင့်ဆုံး ကဏ္ဍတချို့ကို လေ့လာထားတာ ဖြစ်ပါတယ်။ Voice of Sikkim ရဲ့ အဆိုအရ သူ့ရဲ့ စာတမ်းမှာ Quantum entanglement၊ Multi-qubit systems၊ Bose–Einstein condensates နဲ့ Information theory တွေ ပါဝင်တယ်လို့ သိရပါတယ်။ သူဟာ Quantum black holes တွေနဲ့ Condensed matter systems တွေကြားက တူညီမှုတွေကိုပါ လေ့လာခဲ့ပြီး ဒီကဏ္ဍအတွက် အသိပညာအသစ်တွေ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ဒီအောင်မြင်မှုတွေက သူ့ရဲ့ ဉာဏ်ရည်ထက်မြက်မှုကို ပေါ်လွင်စေရုံသာမကဘဲ သူ့အသက်အရွယ်ထက် များစွာ ကျော်လွန်နေတဲ့ ရှုပ်ထွေးခက်ခဲတဲ့ သိပ္ပံဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိတာကိုပါ မီးမောင်းထိုးပြနေပါတယ်။

Ref : Brainy Monkey