Linus Tech Tips YouTube Channel က ကနေဒါနိုင်ငံသား နည်းပညာကျွမ်းကျင်သူ Linus Sebastian က အခုခေတ်ပေါ် ဝဘ်ဆိုက်တွေဖြစ်တဲ့ Wikipedia, Amazon နဲ့ YouTube တို့မှာ 56 kbit/s Dial-up အင်တာနက်လိုင်းနဲ့ စမ်းသပ်အသုံးပြုကြည့်ခဲ့ပါတယ်။

Wikipedia စာမျက်နှာကို ဖွင့်တဲ့အခါမှာတော့ အရင်ဆုံး Time out ဖြစ်သွားပြီး Amazon မှာ ဈေးဝယ်ဖို့ကြတော့လည်း ပုံတွေ၊ ဗီဒီယိုတွေ များလွန်းတာကြောင့် သုံးလို့မရသလောက် ဖြစ်နေပါတယ်။

အင်တာနက်လိုင်းက ဘယ်လောက်တောင် နှေးကွေးနေလဲဆိုရင် အင်တာနက် Speed စမ်းတဲ့ Page ကိုတောင် ဖွင့်မရတာကြောင့် အဲဒီ YouTuber ဟာ “အရမ်းပျင်းစရာကောင်းတယ်” လို့တောင် ညည်းတွားခဲ့ရပါတယ်။
YouTube Streaming လုပ်ဖို့ကတော့ လုံးဝမဖြစ်နိုင်ပေမယ့် ဗီဒီယိုအတိုလေးတစ်ခုကိုတော့ Buffering ဖြစ်ပြီးမှ ကြည့်လို့ရခဲ့ပါတယ်။ AOL ကုမ္ပဏီကတော့ နှစ်ပေါင်း ၃၀ ကြာ ပေးထားတဲ့ သူတို့ရဲ့ Dial-up ဝန်ဆောင်မှုကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
Ref : Fossbytes