နိုဝင်ဘာ ၆ ရက်နေ့က X မှာ မျှဝေခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လျင်မြန်စွာ နာမည်ကြီး သွားခဲ့ပြီး အဲဒီဖိုင်မှာ BYD SUV ယာဉ်မောင်းတစ်ဦးက ကားပေါ်ကနေ မဆင်းဘဲ ကြီးမားတဲ့ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေကို ကြည့်ရှုဖို့အတွက် ကားခေါင်မိုးပေါ်ကနေ Drone လွှတ်တင်လိုက်တာကို မြင်တွေ့ရပါတယ်။

World's No. 1 EV maker, China's BYD, launches on-vehicle drone system with  DJI

Drone ဟာ SUV ကားခေါင်မိုးပေါ်ကနေ တိုက်ရိုက် ပျံတက်သွားပြီး Dashboard ဆီကို တိုက်ရိုက်ရုပ်သံ (Live footage) ပေးပို့ကာ ကားရပ်ထားစဉ်မှာပဲ ပြန်လည် ဆင်းသက်ပြီး အားသွင်းနိုင်ပါတယ်။

BYD Car Launches Drones From Its Roof While You Drive

BYD နဲ့ DJI တို့ ပူးပေါင်း ဖန်တီးထားတဲ့ ဒီ Built-in Drone စနစ်ကို Yangwang U8 လိုမျိုး တချို့ BYD SUV မော်ဒယ်တွေမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ခေတ်ရှေ့ပြေး နည်းပညာအဖြစ် ချီးကျူးမှုတွေ ရှိနေပေမယ့် လေကြောင်းလုံခြုံရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့် (Privacy) နဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ စိုးရိမ်စရာတွေကိုလည်း မြင့်တက်လာစေပါတယ်။

Ref : Fossbytes