တရုတ်နိုင်ငံက လူတူစက်ရုပ် (Humanoid Robots) တွေကို စက်ရုံတွေနဲ့ အိမ်တွေမှာ တကယ်လက်တွေ့ အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး “Phase II Beijing Humanoid Robot Data Training Center” လို့ခေါ်တဲ့ ဒုတိယအဆင့် လေ့ကျင့်ရေးစင်တာကို ဖွင့်လှစ်လိုက်ပါတယ်။

ဘေဂျင်းမြို့၊ Shijingshan ခရိုင်မှာရှိတဲ့ ဒီနှစ်ထပ် အဆောက်အအုံထဲမှာ စက်ရုံအလုပ်ရုံ ပုံစံတွေနဲ့ လူနေအိမ်ခန်း ပုံစံငယ်လေးတွေ ဖန်တီးထားပြီး စက်ရုပ်တွေကို မွေးထုတ်ပေးနေတာပါ။
လေ့ကျင့်ပုံကတော့ တော်တော်လေး ပြင်းထန်ပါတယ်။ စက်ရုပ်တစ်ရုပ်ကို လူနည်းပြ (၂) ဦးက ကြီးကြပ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ လှုပ်ရှားမှုတွေ တိကျမှန်ကန်စေဖို့အတွက် လှုပ်ရှားမှုတစ်ခုတည်းကိုပဲ အကြိမ်ရေ ၁,၂၅၀ အထိ ထပ်ခါတလဲလဲ လုပ်ဆောင်ခိုင်းပြီး လေ့ကျင့်ပေးနေတာပါ။
လက်ရှိမှာတော့ Leju Robotics ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Kuafu ဆိုတဲ့ လူပုံစံစက်ရုပ်တွေကို အသုံးပြုပြီး ကွိုင် (Coil) တွေကို ရွေးထုတ်တာ၊ ပါဆယ်ထုတ်တွေ ရွှေ့ပြောင်းတာ၊ ထမင်းဟင်းချက်တာနဲ့ အိပ်ခန်း သိမ်းဆည်းတာတွေကို လေ့ကျင့်ပေးနေပါတယ်။
Ref : Fossbytes