ယူကရိန်း စစ်သားတစ်ယောက်က လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပေမယ့် ဆက်လက်အလုပ်လုပ်နေသေးတဲ့ Apple MacBook Air ရဲ့ ပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။ Azov တပ်မဟာက @lanevychs ဆိုသူက X ပလက်ဖောင်းပေါ်မှာ တင်ခဲ့တာဖြစ်ပြီး ၂၀၂၀ ထုတ် M1 MacBook Air ဟာ လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

Apple MacBook Air reportedly stops artillery shell fragment for Ukrainian  soldier, with damaged display still partially functional -  NotebookCheck.net News

ဓာတ်ပုံတွေထဲမှာ လက်ပ်တော့ရဲ့ အလူမီနီယမ် ကိုယ်ထည်ပေါ်မှာ အပေါက်ဖြစ်နေတာကို တွေ့ရပြီး ဒါဟာ အရှိန်ပြင်းတဲ့ ကျည်စထိမှန်ထားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ လက်ပ်တော့ကို ဘယ်နားမှာထားခဲ့သလဲဆိုတဲ့ အသေးစိတ်အခြေအနေကို မပြောပြထားပေမယ့် ပျက်စီးမှုအနေအထားအရ ကျည်စဟာ တည့်တည့်ထိမှန်ခဲ့ပုံ ရပါတယ်။

Apple MacBook Air reportedly stops artillery shell fragment for Ukrainian  soldier, with damaged display still partially functional -  NotebookCheck.net News

ထိခိုက်မှုပြင်းထန်ပေမယ့် MacBook Air ဟာ လုံးဝပျက်စီးသွားခြင်း မရှိပါဘူး။ ပါဝါဖွင့်လို့ရနေသေးသလို မျက်နှာပြင်တချို့မှာလည်း အလုပ်လုပ်နေသေးတာကို တွေ့ရပါတယ်။ ထိမှန်ထားတဲ့နေရာတစ်ဝိုက်မှာ Screen ပျက်စီးသွားပေမယ့် စက်ကတော့ သုံးလို့ရတဲ့အနေအထားမှာ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ဒါကို ပြန်ပြင်မယ်ဆိုရင် အသစ်တစ်လုံးဝယ်တာနဲ့ ဈေးနှုန်းတူလောက်ကျသင့်မယ်လို့ သူက ပြောပါတယ်။

Apple ဟာ ပေါ့ပါးခိုင်ခံ့ဖို့အတွက် ပြန်လည်သန့်စင်ထားတဲ့ အလူမီနီယမ်ကို သုံးထားတာဖြစ်ပြီး ကျည်ကာကွယ်ဖို့ ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ ၂၀၁၇ တုန်းက Fort Lauderdale လေဆိပ်ပစ်ခတ်မှုမှာလည်း အလားတူဖြစ်ရပ်မျိုး ရှိခဲ့ဖူးပါတယ်။ ဒါဟာ ရှားပါးတဲ့ဖြစ်ရပ်တွေ ဖြစ်ပေမယ့် လျှပ်စစ်ပစ္စည်းတွေဟာ မျှော်လင့်ထားတာထက် ပိုပြီး ခံနိုင်ရည်ရှိကြောင်း ပြသနေတာလည်း ဖြစ်ပါတယ်။

Ref : gizmochina