Honor ဟာ Las Vegas မှာကျင်းပတဲ့ Consumer Electronics Show 2026 မှာ built-in camera gimbal arm ပါဝင်တဲ့ Robot Phone ရှေ့ပြေးပုံစံကို မိတ်ဆက်ပြသခဲ့ပြီး လာမယ့် မတ် လမှာ တရုတ် မှာစတင်ရောင်းချသွားမယ်လို့ ပြောပါတယ်။ ၂၀၂၅ အောက်တိုဘာလမှာ စတင်မိတ်ဆက်ခဲ့တဲ့ ဒီဖုန်းမှာ စက်ရုပ်တစ်ရုပ်လိုမျိုး အလိုအလျောက် အာရုံခံနိုင်၊ ပြောင်းလဲနိုင်တဲ့ “emotional companion” feature ပါဝင်ပါတယ်။

CES 2026 ပွဲမှာတော့ အများပြည်သူကို ကိုင်တွယ်စမ်းသပ်ခွင့် မပေးသေးပေမယ့် ဝန်ထမ်းတွေရဲ့ သရုပ်ပြသမှုအရ စက်ရုပ်လက်တံတွေဟာ တုံ့ပြန်မှုကောင်းပြီး တည်ငြိမ်မှုရှိတာ တွေ့ရပါတယ်။ လက်တံကို ပြန်သိမ်းထားချိန်မှာ အနောက်ဘက်ကင်မရာအဝိုင်းကြီးပါတဲ့ ပုံမှန် Flagship ဖုန်းတစ်လုံးလိုပဲဖြစ်ပေမယ့် အသုံးပြုမယ်ဆိုရင်တော့ လက်တံက ချောမွေ့စွာ ထွက်ပေါ်လာပြီး DJI Osmo Pocket လိုမျိုး subject တွေကို လိုက်လံရိုက်ကူးပေးနိုင်ပါတယ်။

HONOR's Robot Phone Has a 3-Axis Gimbal Camera That Replaces Your DJI Osmo  - Yanko Design

မော်တာတွေနဲ့ ရွေ့လျားနိုင်တဲ့ အစိတ်အပိုင်းတွေ ထည့်သွင်းထားရတဲ့အတွက် Honor အနေနဲ့ သာမန်ဖုန်းတွေလို ပါးလွှာတဲ့ဒီဇိုင်းကိုတော့ စွန့်လွှတ်ခဲ့ရပါတယ်။ ဒါကြောင့် ဒီ Robot Phone ဟာ ပုံမှန် Flagship ဖုန်းတွေထက် သိသိသာသာ ပိုထူပြီး ပိုလေးပါတယ်။ ခေါက်ဖုန်းတွေက စမတ်ဖုန်းလောကကို ပြောင်းလဲပေးခဲ့ပေမယ့် ဒီဖုန်းကတော့ သာမန်ပုံစံတွေနဲ့မတူဘဲ လုံးဝကွဲထွက်နေတဲ့ ဒီဇိုင်းဖြစ်တယ်လို့ CNET က သုံးသပ်ထားပါတယ်။

အသေးစိတ် Specifications တွေကိုတော့ Honor က ထုတ်မပြောသေးပါဘူး။ Digital Trends ရဲ့ အဆိုအရ အပြည့်အဝ အလိုအလျောက်စနစ်နဲ့ tracking ဆွဲနိုင်မယ့် အချောသတ် Production version ကို လာမယ့် မတ်လ Barcelona မှာကျင်းပမယ့် Mobile World Congress မှာ ပြသသွားမှာဖြစ်ပြီး အဲဒီနောက်မှာမှ တရုတ်မှာ တရားဝင် ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref : e.vpnexpress