ဆွစ်ဇာလန် နိုင်ငံအခြေစိုက် LEM Surgical ကုမ္ပဏီဟာ CES 2026 နည်းပညာပြပွဲမှာ ခွဲစိတ်ခန်းတွေထဲ တကယ် အသုံးပြုနိုင်မယ့် ကမ္ဘာ့ပထမဆုံး ခွဲစိတ် ဆရာဝန် လို့ တင်စားထားတဲ့ Dynamis ခွဲစိတ်မှုစနစ်ကို မိတ်ဆက်ပြသလိုက်ပါတယ်။

LEM Surgical Inc. enjoyed celebrating Independence Day in America, now LEM  Surgical AG is getting ready for Swiss National Day on Aug 1st. We are  serious about our mission to advance robotic surgery, ...

Dynamis ကို ကျောရိုးနဲ့ အရိုးခွဲစိတ်ကုသမှုတွေအတွက် အထူးပြု ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သူ့မှာ စက်ရုပ်လက်တံ ၃ ခု ပါဝင်ပြီး လက်တံ ၂ ခုက ခွဲစိတ်ကိရိယာတွေကို တိတိကျကျ လမ်းညွှန်ပေးမှာဖြစ်သလို ကျန်တဲ့ လက်တံ ၁ ခုကတော့ ကင်မရာကို ကိုင်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီစနစ်တစ်ခုလုံးကို ခွဲစိတ်စားပွဲအောက်မှာ ဝင်ဆံ့တဲ့ တွန်းလှည်းပုံစံ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားတာပါ။

ဒီစက်ရုပ်ဟာ NVIDIA Isaac for Healthcare နည်းပညာနဲ့ ကိုယ်ပိုင် AI စနစ်ကို အသုံးပြုထားတာကြောင့် ခွဲစိတ်နေစဉ်မှာ ဖြစ်ပေါ်လာတဲ့ အသေးစား လှုပ်ရှားမှုတွေကိုပါ အလိုအလျောက် ထိန်းညှိပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ပုံရိပ်ဖော် စနစ်တွေနဲ့ ချိတ်ဆက်နိုင်တာ၊ ခွဲစိတ်မှု လမ်းကြောင်း ရှာဖွေတာနဲ့ ကြိုတင်စီစဉ်တာတွေကိုပါ ဆော့ဖ်ဝဲလ် တစ်ခုတည်းနဲ့ ပြီးပြည့်စုံအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

LEM Surgical ဟာ ဒီစက်ရုပ်နဲ့ ပထမဆုံး ခွဲစိတ်ကုသမှုတွေကို US နိုင်ငံ၊ Las Vegas မြို့က Southern Hills ဆေးရုံမှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး FDA ခွင့်ပြုချက်လည်း ရရှိထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီအနေနဲ့ NVIDIA ရဲ့ Physical AI နည်းပညာကို အသုံးပြုပြီး ကျောရိုးခွဲစိတ်မှု နယ်ပယ်ကို ပြောင်းလဲပစ်ဖို့ ဆက်လက် ကြိုးပမ်းနေပါတယ်။

Ref : Technology Innovation