၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထွက်ရှိမယ့် GTA 6 ဂိမ်းကို မထွက်ခင် ကစားချင်နေတဲ့ သေဆုံးခါနီး ကင်ဆာဝေဒနာသည် ပရိသတ်တစ်ဦးကို Rockstar Games က ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

Rockstar Is Reportedly Letting a Terminally Ill Fan Play Grand Theft Auto  VI Early

အခုတော့ ပြန်ဖျက်သွားပြီဖြစ်တဲ့ Ubisoft developer Anthony Armstrong ရဲ့ LinkedIn ပို့စ်တစ်ခုအရ သူ့ရဲ့ မိသားစုဝင်တစ်ဦးဟာ ကင်ဆာရောဂါ ခံစားနေရပြီး အသက်ရှင်ဖို့ ၆ လကနေ ၁၂ လအထိပဲ အချိန်ကျန်တော့တယ်လို့ ဆိုပါတယ်။

Terminal cancer patients given early access to pre-release GTA 6 - GIGAZINE

အဲဒီလူနာဟာ GTA ပရိသတ်အမာခံတစ်ဦးဖြစ်ပြီး ဂိမ်းထွက်လာမယ့်အချိန်အထိ အသက်မီပါ့မလားဆိုတာ မသေချာတာကြောင့် “မဆုံးပါးခင် ဒီဂိမ်းကို ကစားခွင့်ရချင်တယ်” လို့ Armstrong က ရေးသားခဲ့တာပါ။

နောက်ပိုင်းမှာတော့ Take-Two ကုမ္ပဏီ CEO ရဲ့ အကူအညီနဲ့ မိသားစုဝင်တွေဟာ Rockstar နဲ့ အဆက်အသွယ်ရခဲ့ပြီး “သတင်းကောင်း” လို့ ထပ်မံ update လုပ်ထားတာကို တွေ့ရပါတယ်။

Rockstar ဟာ အရင်ကလည်း Red Dead Redemption 2 ဂိမ်းတုန်းက အခုလိုပဲ ရောဂါသည်ပရိသတ်တွေကို ဂိမ်းမထွက်ခင် ကြိုတင်ကစားခွင့် ပေးခဲ့ဖူးပါတယ်။

Ref : Fossbytes