၂၀၀၈ ခုနှစ်ကတည်းက နာမကျန်းခွင့် ယူထားတဲ့ ဗြိတိန် အိုင်တီဝန်ထမ်းတစ်ယောက်ဟာ သူ့ရဲ့ ကာလရှည် ပျက်ကွက်နေချိန်အတွင်း လစာတိုးမပေးလို့ဆိုပြီး IBM ကုမ္ပဏီကို တရားစွဲဆိုခဲ့ပါတယ်။

Ian Clifford ဆိုသူဟာ စိတ်ကျန်းမာရေး အခြေအနေကြောင့် ဆေးခွင့်စယူခဲ့ပြီး နောက်ပိုင်းမှာ ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူ့လစာ တိုးမလာတဲ့အတွက် တိုင်ကြားစာ ပို့ခဲ့ပါသေးတယ်။

IBM ကုမ္ပဏီက သူ့ကို အငြိမ်းစားယူတဲ့အထိ နောက်ဆုံးရရှိခဲ့တဲ့ လစာရဲ့ ၇၅ ရာခိုင်နှုန်း (တစ်နှစ်ကို ပေါင် ၅၄,၀၀၀ ဝန်းကျင်) ပေးမယ့် Sickness and Accident Plan မှာ ထည့်သွင်းပေးခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၂ ခုနှစ်မှာ Clifford က ငွေကြေးဖောင်းပွမှုနဲ့အညီ လစာတိုးမြှင့်မပေးတာဟာ မသန်စွမ်းမှုဆိုင်ရာ ခွဲခြားဆက်ဆံရာ ရောက်တယ်လို့ဆိုပြီး ထပ်မံ တရားစွဲဆိုခဲ့ပြန်ပါတယ်။
၂၀၂၃ ခုနှစ်မှာတော့ ခုံရုံးတရားသူကြီးက တသက်တာ လစာပေးမယ့် အစီအစဉ်ကိုယ်တိုင်က “အလွန်များပြားတဲ့ အကျိုးခံစားခွင့်” ဖြစ်တယ်လို့ ပြောကြားပြီး သူ့ရဲ့အမှုကို ပယ်ချလိုက်ပါတယ်။
Ref : Fossbytes