Apple အနေနဲ့ ဖုန်းအသစ်တွေကို ဈေးလျှော့ရောင်းချလေ့ မရှိပေမယ့် တရုတ်နိုင်ငံ မှာတော့ iPhone Air ကို နှစ်သစ်ကူးပရိုမိုးရှင်းအနေနဲ့ ၃၀ ရာခိုင်နှုန်းကျော်အထိ ဈေးလျှော့လိုက်ပါတယ်။ Tmall နဲ့ JD.com တို့မှာ မူရင်းဈေး ၇,၉၉၉ ယွမ်ကနေ ၂,၅၀၀ ယွမ်လောက်အထိ လျှော့ချလိုက်ပြီး အစိုးရထောက်ပံ့ကြေးနဲ့ပါ ပေါင်းစပ်လိုက်မယ်ဆိုရင် ၅,၄၉၉ ယွမ် (ဒေါ်လာ ၇၉၀ ခန့်) အထိ ဈေးကျသွားတာ ဖြစ်ပါတယ်။

ဒီလို အကြီးအကျယ် ဈေးလျှော့လိုက်ရတာကတော့ ကမ္ဘာတစ်ဝန်းမှာ ရောင်းအားမကောင်းခဲ့လို့ ဖြစ်ပါတယ်။ IDC ရဲ့ အချက်အလက်တွေအရ iPhone Air ရောင်းအားဟာ ကုမ္ပဏီက မျှော်မှန်းထားတာရဲ့ သုံးပုံတစ်ပုံလောက်ပဲ ရှိခဲ့တာကြောင့် Apple က ထုတ်လုပ်မှုတွေကိုပါ ထက်ဝက်လောက် လျှော့ချခဲ့ရတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဈေးနှုန်းလျှော့ချလိုက်ပြီးတဲ့နောက်မှာတော့ ရောင်းအားပြန်တက်လာပြီး JD.com မှာ 256GB မော်ဒယ်တွေ ပစ္စည်းပြတ်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ မှာယူမယ်ဆိုရင် ဖေဖော်ဝါရီလ မှ ရနိုင်တော့မှာဖြစ်ပြီး Tmall မှာတော့ ပစ္စည်းလက်ကျန်ရှိနေသေးတာကြောင့် ၆ ရက်အတွင်း ပို့ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
iPhone Air ဟာ ၅.၆ မီလီမီတာသာ ထူပြီး ပေါ့ပါးသေသပ်တဲ့ ဒီဇိုင်း၊ A19 Pro chip နဲ့ 48MP ကင်မရာတစ်လုံးတည်း ပါဝင်တာ ဖြစ်ပါတယ်။ မူလက သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ မမျှတဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့် အခုလို ဈေးနှုန်းလျှော့ချလိုက်တဲ့အချိန်မှာတော့ သုံးစွဲသူတွေအတွက် လက်ခံနိုင်စရာ အခြေအနေတစ်ခု ဖြစ်လာခဲ့ပါတယ်။
ref : gizmochina