Elon Musk ရဲ့ “နောက်နှစ်ဖြစ်လာမယ်” ဆိုတဲ့ ကတိတွေက တကယ်မဖြစ်လာတဲ့အခါ တချို့လူတွေအတွက်တော့ ငွေရှာပေါက်တစ်ခု ဖြစ်လာပါတယ်။ Polymarket နဲ့ Kalshi လို Prediction market တွေမှာ Musk ရဲ့ ပြောစကားတွေ လွဲချော်မယ်ဆိုတဲ့ဘက်ကနေ လောင်းကြေးထပ်ပြီး ငွေရှာနေကြတာပါ။

Elon Musk Haters Have Found a Hilariously Easy Way to Make Money on  Polymarket

Musk က ၂၀၂၅ မှာ AI က လူထက်သာမယ်၊ မောင်းသူမဲ့ကားတွေ နောက်နှစ်ရမယ်လို့ ခဏခဏ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ Polymarket အသုံးပြုသူ David Bensoussan ကတော့ Musk စကားတွေကို မယုံပါဘူး။ သူက Musk နိုင်ငံရေးပါတီ မထောင်ဘူးဆိုတဲ့ဘက်ကနေ ဒေါ်လာ ၁၀,၀၀၀ လောင်းပြီး ၁၀% အမြတ်ရခဲ့သလို၊ Tesla ရဲ့ Self-Driving စနစ် အချိန်မီမပြီးဘူးဆိုတဲ့ဘက်ကနေလည်း လောင်းကြေးထပ်ခဲ့ပါတယ်။

People Are Making Bank Betting Against Elon Musk's Predictions on Polymarket

ရလဒ်ကတော့ Bensoussan တစ်ယောက် Musk ရဲ့ ကတိတွေမတည်နိုင်တာကို အခွင့်ကောင်းယူပြီး ဒေါ်လာ ၃၆,၀၀၀ ကျော်တောင် အိတ်ကပ်ထဲ ထည့်နိုင်ခဲ့ပါပြီ။ Musk ရဲ့ စကားတွေက နားထောင်လို့ကောင်းပေမယ့် လက်တွေ့မှာတော့ သူ့ကို ဆန့်ကျင်ဘက်ကနေ လောင်းကြေးထပ်တာက ပိုတွက်ခြေကိုက်နေပုံပါပဲ။

Ref : Fossbytes