Troitsk Institute က ရုရှားသိပ္ပံပညာရှင်တွေဟာ နိုင်ငံပိုင်နူကလီးယားကော်ပိုရေးရှင်း Rosatom က တီထွင်ထားတဲ့ အာကာသနက် (deep-space) တွန်းကန်အားစနစ်အတွက် ပလာစမာဒုံးပျံအင်ဂျင် ပုံစံငယ်တစ်ခုကို စမ်းသပ်နေပါတယ်။

Atom Media | Press releases | Rosatom scientists developed prototype plasma rocket engine for deep-space missions

အဲဒီစနစ်က ဓာတုလောင်ကျွမ်းမှုအစား လျှပ်စစ်သံလိုက်စက်ကွင်းတွေနဲ့ အရှိန်မြှင့်ထားတဲ့ ပလာစမာကို အသုံးပြုပြီး တွန်းကန်အားကို စဉ်ဆက်မပြတ် ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။

Russian Scientists Test Plasma Engine That Could Cut Mars Travel to About 30 Days

ဒီနည်းပညာဟာ ဂြိုဟ်အချင်းချင်းကြား ခရီးသွားလာချိန်ကို လပေါင်းများစွာ ကြာမြင့်ရာကနေ တစ်လအောက်အထိ လျှော့ချပေးနိုင်မယ်လို့ သုတေသီတွေက ပြောပါတယ်။

ရုရှားမီဒီယာတွေရဲ့ အဆိုအရ အဲဒီအင်ဂျင်ကို ၁၄ မီတာရှိတဲ့ လေဟာနယ်ခန်းထဲမှာ စမ်းသပ်နေတာဖြစ်ပြီး pulsed mode နဲ့ ကီလိုဝပ် ၃၀၀ ဝန်းကျင်မှာ လည်ပတ်နေတယ်လို့ သိရပါတယ်။

ပလာစမာ တွန်းကန်မှုစနစ်တွေဟာ ဂြိုဟ်တုတွေမှာ အသုံးပြုနေပြီဖြစ်ပေမယ့် သူတို့ရဲ့ ပုံစံငယ်ဟာ လက်ရှိစနစ်တွေထက် အိတ်ဇောအလျင် (exhaust velocities) သိသိသာသာ ပိုမြန်တယ်လို့ ရုရှားသုတေသီတွေက ဆိုပါတယ်။

ဒီဒုံးပျံကြောင့် အနာဂတ်မှာ လူသားတွေဟာ အင်္ဂါဂြိုဟ်ကို ရက် ၃၀ ထဲနဲ့ သွားရောက်နိုင်တော့မှာ ဖြစ်ပါတယ်။

Ref: Fossbytes