ကယ်လီဖိုးနီးယားပြည်နယ်၊ Oakland မြို့မှာ Tesla Cybertruck ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦး ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ကတော့ တကယ်ကို ရင်ဖိုစရာပါပဲ။ အမြန်လမ်းအတက် (highway ramp) တစ်ခုမှာ မောင်းနှင်နေတုန်း ကားရဲ့ နောက်ခန်းတံခါးက ဂျက်ပြုတ်ပြီး ရုတ်တရက် ပွင့်ထွက်သွားခဲ့တာပါ။

2025 Tesla Cybertruck Review: Expert Insights, Pricing, and Trims

အဲဒီအချိန်မှာ နောက်ခန်းမှာ လိုက်ပါလာတဲ့ တစ်နှစ်အရွယ် ကလေးငယ်လေးဟာ ကားအပြင်ကို လွင့်စင်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ ကလေးထိုင်ခုံ  မှာ သေချာချည်နှောင်ထားလို့သာ အသက်ဘေးကနေ သီသီလေး လွတ်မြောက်သွားခဲ့တာပါ။ မိဘတွေကလည်း ထိတ်လန့်တကြားနဲ့ ချက်ချင်းပဲ ကားကို ဘေးကပ်ရပ်တန့်နိုင်ခဲ့ကြပါတယ်။

2026 Tesla Cybertruck Review, Pricing, and Specs

ကားပိုင်ရှင်က စစ်ဆေးကြည့်တဲ့အခါမှာတော့ တံခါးမင်းတုံး (door striker) မှာ ရှိရမယ့် ဝက်အူ  တစ်ခု ပျောက်ပြီး ချောင်နေတာကို တွေ့ခဲ့ရပါတယ်။ ပိုဆိုးတာက ယာဉ်မောင်းဘက်ခြမ်း တံခါးမှာလည်း အလားတူ ပြဿနာမျိုး ဖြစ်နေတာကို တွေ့ရှိခဲ့ရတာပါပဲ။

ဒီဖြစ်ရပ်ကို အမျိုးသားအဝေးပြေးလမ်းမကြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအဖွဲ့ (NHTSA) ထံ တိုင်ကြားခဲ့ပါတယ်။ Tesla ကုမ္ပဏီဘက်ကလည်း မင်းတုံးချောင်နေမှုကြောင့် ဖြစ်ရတာပါဆိုပြီး အပြစ်ဝန်ခံခဲ့သလို ကားကိုလည်း ပြန်လည်ဝယ်ယူပါ့မယ်လို့ ကမ်းလှမ်းခဲ့ရာမှာ ပိုင်ရှင်ဖြစ်သူက လက်ခံခဲ့တယ်လို့ သိရပါတယ်။

Ref: Fossbytes