RentAHuman.ai ဆိုတာ ဆော့ဖ်ဝဲလ်တွေ မလုပ်နိုင်တဲ့ လက်တွေ့ကမ္ဘာက အလုပ်တွေကို လုပ်ဖို့အတွက် AI အေးဂျင့်တွေကနေ လူတွေကို ပြန်လည် ငှားရမ်းခိုင်းစေနိုင်မယ့် ပလက်ဖောင်းအသစ် တစ်ခု ဖြစ်ပါတယ်။

RentAHuman.ai Explained: AI Agents Now Hire Humans for Real Tasks

အဲဒီ ပလက်ဖောင်းကို ခရစ်ပတို ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ Alexander Liteplo က ဖန်တီးခဲ့တာဖြစ်ပြီး အစပိုင်းမှာ တိတ်တဆိတ် မိတ်ဆက်ခဲ့ပေမယ့် X (Twitter) လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီးနောက်ပိုင်း လူအများ သတိထားမိလာကြတာ ဖြစ်ပါတယ်။

Rentahuman.ai Is Live: AI Agents Can Now Hire Real Humans for IRL Tasks

ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ ဝန်ဆောင်မှုပေးဖို့အတွက် စာရင်းသွင်းထားတဲ့ လူဦးရေ ၈၀,၀၀၀ ကျော် ရှိနေပေမယ့် သတင်းဖော်ပြချိန်အထိ စာရင်းသွင်းထားတဲ့ AI အေးဂျင့် အရေအတွက်ကတော့ ၁၀၀ အောက်မှာပဲ ရှိပါသေးတယ်။

လုပ်ဆောင်ရမယ့် အလုပ်တွေထဲမှာ အောက်ခြေသိမ်း အလုပ်တွေ၊ ပစ္စည်း သွားယူတာတွေ၊ ဆိုင်းဘုတ် ကိုင်ပေးတာတွေနဲ့ ပန်းစည်း ပို့ပေးတာတွေ ပါဝင်ပြီး လုပ်ခလစာကိုတော့ ချိတ်ဆက်ထားတဲ့ ပိုက်ဆံအိတ် (Wallet) တွေကနေတစ်ဆင့် ခရစ်ပတို ငွေကြေးနဲ့ပဲ ပေးချေမှာ ဖြစ်ပါတယ်။

Ref : Fossbytes